Cele News

ကိုဗစ်ရောဂါခံစားခဲ့ရပေမယ့်ယခုပြန်လည်ကျန်းမာနေပြီဖြစ်ကြောင်းကိုသူမရဲ့ချစ်စရာပုံရိပ်လေးနဲ့အသိပေးလာတဲ့ ဆုအိမ့်စံ

ကိုဗစ်ရောဂါခံစားခဲ့ရပေမယ့်ယခုပြန်လည်ကျန်းမာနေပြီဖြစ်ကြောင်းကိုသူမရဲ့ချစ်စရာပုံရိပ်လေးနဲ့အသိပေးလာတဲ့ ဆုအိမ့်စံ

ဆုအိမ့်စံကတော့အနုပညာလောကထဲမှာသရုပ် ဆောင်မော်ဒယ်တစ်ယောက်အဖြစ်နဲ့ရပ်တည်နေသူပါ။သူမရဲ့ထင်ပေါ်တဲ့ကိုယ်ခန္တာကောက်ကြောင်းလေးတွေကတော့သူမရဲ့လှပဆုံးဆို့ပြောရပါမယ်နော်။ချစ်စရာမျက်နှာပြည့်ပြည့်လေးနဲ့ မြန်မာဝတ်ဆုံလေးတွေနဲ့လိုက်ဖက်လွန်းသူလေးပါ။သူမကဖော်ရွေတဲ့သူတစ်ယောက်ပါ။ဟိုတလောကသူမကိုဝေဖန်တဲ့သတင်းတွေထွက်ခဲ့ပါသေးတယ်။

သူမကသရုပ်ဆောင်သူရိယနဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီးလက်ထပ်ခါနီး၊အားလုံးကိုမဂ်လာကိစ္စအသိပေးပြီးတော့မှာသူရိယရဲ့မဂ်လာပွဲဖြတ်ခြင်းကိုခံလိုက်ရတာပါ၊တကယ်စိတ်မကောင်းစရာပါ။ဘာကိစ္စအကြောင်းရယ်လို့သေချာအသိမပေးခဲ့ကြပေမယ့်တစ်​​ယောက်နဲ့တစ်ယောက်ဖောက်ပြန်ခဲ့ကြတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တာပါ။အသီးသီးဝေဖန်ခံရပေမယ့် မဂ်လာပွဲကတော့ပျက်သွားခဲ့ပါတယ်။အဲနောက်ပိုင်းတော့ဆုအိမ့်စံကိုmediaပေါ်မှာအတွေ့နည်းလာခဲ့ပါတယ်။

အခုတော့သူမကို ချစ်တဲ့ပရိတ်သတ်ကြီးအတွက်သူမကပုံရိပ်လေးများကိုမကြာခဏတင်လာခဲ့ပါတယ်။သူနေမကောင်းနေခဲ့တာပါ၊အခုတော့ပြန်လည်သက်သာလာကြောင်းအသိပေးလာခဲ့ပါတယ်။”နေပြန်ကောင်းသွားပါပြီချစ်ရတဲ့ပရိသတ်ကြီးအားလုံးကိုအရမ်းလွမ်းနေပါတယ်ဒီရောဂါဖြစ်နေတဲ့ကာလတွေမှာ စိတ်ဓာတ်ပါကျတယ်မိဘကိုစိတ်အရမ်းပူပေမယ့်အနားမှာမရှိပေးနိုင်မသွားနိုင်တဲ့အခြေအနေမှာအရမ်းကိုခက်ခဲလွန်းပါတယ်ဒီခံစားချက်တွေကို နားလည်တဲ့အတွက် ဆုံးရှူံးသွားတဲ့သူတွေတယောက်ချင်းစီကိုကိုယ်ချင်းစာတယ်ဘာပဲဖြစ်ဖြစ်အနားမှာရှိနေတဲ့အချိန်တန်ဖိုးထားကြမယ်ချစ်ရတဲ့ပရိသတ်ကြီးလည်း ကျန်းမာရေးဂရုစိုက်ကြပါနော်အားလုံးကိုချစ်တယ်”ဆိုပြီးသူရဲ့ချစ်စရာပုံလေးနဲ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။

Zawgyi




Credit