Cele News

ရိုက်ကူးရေးမရှိတော့ စိုက်ပျိုးရေးလုပ်ပြီးစီးပွားရှာနေရတဲ့ သရုပ်ဆောင်နေထူးနိုင်

ရိုက်ကူးရေးမရှိတော့ စိုက်ပျိုးရေးလုပ်ပြီးစီးပွားရှာနေရတဲ့ သရုပ်ဆောင်နေထူးနိုင်

ပရိတ်သတ်ကြီးရေကိုနေထူးနိုင်ကိုသိကြတယ်မလား၊တိုက်ခိုက်ရေးဘက်မှာကျွမ်းကျင်တဲ့ဝါရင့်မင်းသားတစ်လက်ပါပဲနော်။ဗီဒီယိုရယ်လိုပေါ်ကာစကတဲက နေထူးနိုင်ကသူ့ရဲ့ကိုယ်ခံပညာတွေနဲ့ပရိတ်သတ်တွေဆွဲဆောင်ခဲ့တာပဲဖြစ်ပါတယ်၊ယနေ့ချိန်ထိသူမြတ်နိုးတဲ့အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်နေဆဲပါပဲနော်။သူချစ်ရတဲ့အနုပညာကိုပိုပြီးဆန်းသစ်အောင်သူကြိုးစားသွားမယ်လို့လဲသိရပါတယ်။

အခုဆိုသူကချစ်ရတဲ့မိသားစုလေးနဲ့အတူရှိနေပါတယ်။သူရဲ့ဇနီးကလဲရုပ်ရည်လှပတဲ့အပြင်ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုကိုယ်တိုင်လုပ်ကိုင်နေတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။နိုင်ငံရေးအခြေအနေတွေ၊ရောဂါအခြေအနေတွေကြောင့်ပြည်သူတွေဘာလုပ် ငန်းမှမလုပ်ကိုင်ရဘဲရှိနေပါတယ်၊အနုပညာရှင်တွေလဲအလုပ်တွေရပ်နားထားရပါတယ်၊အလုပ်တွေရပ် နားရလို့မိသားစုတိုင်းမှာစားဝတ်ရေးအခက်ခဲတွေပိုရင်ဆိုင်လာရပါတယ်။

ကိုနေထူးနိုင်ကတော့ဟိုတလောကသူ့ကားလေးရောင်းမယ်လို့သိထားတာမကြာသေးဘူးခုတော့ ရိုက်ကူးရေးမရှိလို့စိုက်ပျိုးရေးလုပ်ရတော့မယ်ဆိုပြီး​ပြောထားပါတယ်။တကယ်ပဲစီးပွားရေးအဆင်မပြေလို့လား၊သူ့ချစ်ပရိတ်သတ်ကိုကျီစယ်နေတာလားတော့မသိဘူးပါနော်။ဘာပဲဖြစ်ဖြစ်အလှူအတန်းတွေရက်ရောတတ်တဲ့ကိုနေထူးနိုင်တို့မိသားစုလေးကျန်း မာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ချစ်ပရိတ်သတ်ကြီးလဲ ကပ်ဘေးန္တာရာယ်အမျိုးအမျိုးမှကင်းဝေးနိုင်ကြပါစေနော်။

Zawgyi




Credit