လူရွှင်တော်ကြီးဦးချစ်စရာအရေးပေါ်အောက်စီဂျင်လိုအပ်နေလို့သွားရောက်ကူညီပေးခဲ့တဲ့ဝေဠုကျော်
ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ဝေဠုကျော်ကတော့ပရဟိတအလုပ်တွေကိုစိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ကိုင်ပေးနေတဲ့သူတစ်ယောက်ပါ။ဝေဠုကျော်ကတော့စားဝတ်နေရေးကျပ်တည်းနေတဲ့ပြည်သူတွေဆီလိုအပ်တဲ့ဆန်၊ဆီတွေကိုကိုယ်တိုင်သွားရောက်လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။
ဒါအပြင်ဝေဠုကျော်ကအခုလိုကိုဗစ်ကာလကြီးမှာအောက်စီဂျင်လုံလောက်စွာရရှိဖို့လည်းတတတ်တအားပါဝင်ကူညီပေးနေတာလည်းဖြစ်ပါတယ်။အောက်စီဂျင်လိုအပ်နေတဲ့သူတွေဆီအချိန်မီပို့ဆောင်လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ဝေဠုကျော်ကအောက်စီဂျင်လိုအပ်နေတဲ့လူရွှင်တော်သရုပ်ဆောင်ဦးချစ်စရာကိုကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးခဲ့ပြီးအားပေးစကားတွေလည်းပြောပေးခဲ့တာဖြစ်ပါတယ်။
ဝေဠုကျော်ကသရုပ်ဆောင်ဦးချစ်စရာအတွက်အောက်ဆီဂျင်လှူဒါန်းပေးဝေဠုကျော်ဖောင်ဒေးရှင်းမှအောက်ဆီဂျင်ကျလာလို့အောက်ဆီဂျင်ရှူရန်လိုအပ်လာသည့်ဟာသသရုပ်ဆောင်ဥွီးချစ်စရာအတွက်50Lလေအပြည့်အိုးကိုငှားရမ်းပို့ဆောင်ပေးခဲ့ပြီးသွားရောက်တွေ့ဆုံဂါရဝပြုအားပေးစကားများလည်းပြောကြားခဲ့ပါတယ်။ဥွီးချစ်စရာအမြန်ဆုံးသက်သာပျောက်ကင်းကျမ်းမာလာပါစေပြီးပြောလာတာဘဲဖြစ်ပါတယ်။
Zawgyi Version
Credit