ဥပုသ်နေ့လေးမှာရွာကဘုန်းကြီးကျောင်းလေးမှာဘဲသီလယူ ဆွမ်းကပ်ခဲ့ပြီးကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ထက်ထက်မိုးဦး
ပရိသတ်တွေရဲ့အချစ်တော်ထက်ထက်မိုးဦးကတော့အနုပညာနယ်ပယ်မှဆယ်စုနှစ်တခုကြာရပ်တည်ခဲ့ပြီးအောင်မြင်မှုအရသာတွေလည်းခံစားဖူးခဲ့သလိုကျဆုံးတဲ့အချိန်တွေမှာလည်းအကောင်းဆုံးရပ်တည်ဖို့ကြိုးစားနေတဲ့သူတစ်ယောက်ပါ။
ထက်ထက်မိုးဦးကတော့လတ်တလောဖြစ်ပေါ်နေတဲ့လူလှုပ်ရှားမှုကြီးမှာနှုတ်ဆိတ်နေပြီးမပါဝင်တာကြောင့်ပရိသတ်တွေရဲ့ပြင်းထန်စွာဝေဖန်ခံနေရပြီးလိုင်းပေါ်အတော်ကြာပျောက်နေခဲ့တာလည်းဖြစ်ပါတယ်။မကြာသေးမီကဘဲထက်ထက်ကအလှူအတန်းတွေလုပ်ပြီး လိုင်းပေါ်ကပြန်ပေါ်လာခဲ့ပြီးဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းတော့မယ်လို့လည်းပြောလာပါတယ်။
ဒီနေ့မှာတော့ထက်ထက်ကဥပုသ်နေ့လေးဖြစ်တာကြောင့်ရွာဘက်ကဘုန်းကြီးကျောင်းလေးမှာသီလယူကုသိုလ်တွေပြုလုပ်ခဲ့ပုံကိုအခုလိုပြောပြလာပါတယ်။ထက်ထက်ကဒီနေ့ဝါခေါင်လကွယ် ဥပုသ်နေ့ဆိုတော့ရွာကျောင်းမှာပဲသီလယူဆွမ်းကပ်ရတာပေါ့။ဥပုဒ်နေ့ဥပုသ်နေ့ ဥပုဿ်နေ့ဘယ်ဟာကစာလုံးပေါင်းအမှန်လဲမသိပေမယ့်၇ ရက်သားသမီးကုသိုလ်ရအောင်ထက်ဆုတောင်းပေးခဲ့တယ်ဆိုပြီးမျှဝေလာတာဘဲဖြစ်ပါတယ်။
Zawgyi Version
Credit