Cele News

အစ်ကိုဖြစ်သူရေမွန်ရဲ လွယ်အိတ်လေးကို ခုမှဖွင့်ကြည့်မိလို့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်းပြောလာတဲ့ လပြည့်ကဗျာ

အစ်ကိုဖြစ်သူရေမွန်ရဲလွယ်အိတ်လေးကိုခုမှဖွင့်ကြည့်မိလို့စိတ်မကောင်းဖြစ်ရတဲ့အကြောင်းပြောလာတဲ့လပြည့်ကဗျာ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်ရေမွန်ကတော့သီချင်းတွေကိုရင်ဘတ်ကြီးနဲ့ခံစားပြီးသီဆိုတတ်သူတစ်ယောက်ပါ။အဆိုတော်ရေမွန်ကတော့ပြည်သူနဲ့အတူအမှန်တရားအတွက်တိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့သူရဲကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့အဆိုတော်ရေမွန်နဲ့ပတ်သတ်ပြီးညီမဖြစ်သူလပြည့်ကဗျာကအမှတ်တရတွေကိုဝမ်းနည်းစွာအခုလိုပြောပြလာပါတယ်။

အိမ်ထဲထည့်သိမ်းထားတဲ့သူ့လွယ်အိတ်လေးလျှော်ပေးဖို့ထုတ်လိုက်တာသူသုံးနေကျအသုံးဆောင်လေးတွေမြင်လိုက်တော့လဲစိတ်မကောင်းပြန်ဘူး။အိတ်လေးထဲအကုန်စုပီးထိုးထည့်ထားတာ၊ပိစိပွဆလေးတွေအကုန်ပါတယ်လူအမြဲသုံးနေကျလေးတွေခေါင်းလိမ်းဆီဆိုဖောက်တောင်မဖောက်ရသေးဘူးဟိုမှာနေတုန်းကကတုံးကေဆိုတော့ထုတ်မလိမ်းဖြစ်ဘူးကိုယ်ဝယ်ပေးထားတဲ့Roll Onလေးလဲထည့်ထားတယ်။

ဘယ်ပဲသွားသွားအမြဲမိသားစုပေးတဲ့လက်ဆောင်ပစ္စည်းလေးတွေတော့သူသယ်သွားတယ်အကုန်လုံးကသူ့အငွေ့အသက်တွေကြီးပဲဆိုတော့မျက်ရည်ကကျမိပြန်ကောဆိုပြီးရေမွန်ညီမဖြစ်သူလပြည့်ကဗျာကဝမ်းနည်းစွာပြောပြလာတာလည်းဖြစ်ပါတယ်။

Zawgyi Version




Crdi