ငါစိတ်ကမင်းကိုပေးရှင်ထားတယ်ဆိုပြီးသူငယ်ချင်းဖြစ်သူရေမွန်အကြောင်းတွေကိုဝမ်းနည်းစွာပြောပြလာတဲ့ကျားပေါက်
ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်ရေမွန်ကတော့အမှန်တရားအတွက်တိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ဂီတသူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။သူငယ်ချင်းဖြစ်တဲ့ရေမွန်နဲ့အမှတ်တရတွေကို ကျားပေါက်ကအခုလိုဝမ်းနည်းစွာပြောပြလာပါတယ်။ငါmeeting ခန်းထဲကထွက်လာတော့ဖိုးဉာဏ်ဖုန်းဆက်လာတယ်။တွတ်ပီမရှိတော့ဘူးတဲ့။နေ့ခင်း၁၁နာရီလောက်။ငါဘယ်တွတ်ပီလဲမေးဖြစ်အောင်မေးလိုက်တယ်။နောက်ဆုံးchanceတခုလိုမျိုးမေးမိတာဖြစ်တယ်။ငါတခြားတွတ်ပီများများစားစားမသိပါဘူး။ပြောခထဲကမင်းမှန်းသိပါတယ်။Raymondလေအကိုတဲ့။ဆုံးသွားပြီတဲ့။
မဆုံးခင်တပတ်လောက်ငါတို့ phoneပြောဖြစ်တယ်။မင်းဝေခွဲရခက်နေတာတွေပင်ပန်းရလို့နဲနဲdepressedဖြစ်နေတာတွေ။ငါကတော့ငါ့ဆီလာဖို့ခေါ်တာပဲ။မင်းလဲလာမယ်ပြောတာပဲ။လာမယ်ပြောပြီးရောက်မလာတာမင်းအကျင့်ဆိုတာလဲငါသိတာပေါ့။ဖိုးလုံးဖုန်းဆက်တယ်။ငါတို့မင်းသီချင်းတွေနားမထောင်နိုင်ဘူး။မင်းပါတဲ့ videoငါအမြန်ကျော်ပစ်ရတယ်။မင်းထွက်သွားရတာခက်ခဲမှန်းငါသိတယ်။ငါတို့ကျန်ခဲ့ရတာလဲသိပ်အလွယ်ကူကြီးမဟုတ်ဘူး။
အခုထိငါဟာ playlistကောင်းကောင်းရရင်မင်းကို share ချင်တုန်းပဲ။စောက်ပေါက်ကရတွေတနာရီလောက်ထိုင်ပြောနေချင်တုန်းပဲ။ပြီးခဲ့တဲ့၆နှစ်လောက်ကဆုံးသွားတဲ့အဖွားကိုအခုထိငါကြိုက်တဲ့ဟင်းတွေလှမ်းချက်ခိုင်းချင်နေမိသလိုပေါ့။ငါ့စိတ်ကမင်းကိုပေးရှင်ထားတယ်။ငါမငိုတော့မငိုဖြစ်သေးဘူးသားကြီး။ငါ့လိုပဲအားလုံးစိတ်တွေမတရားတင်းထားပြီးစောင့်နေကြတယ်ထင်တယ်။ငါတို့ weakဖြစ်ပြလို့မရဘူး။တချိန်ချိန်မင်းdocumentaryရိုက်ဖြစ်လို့ ငါစကားဝင်ပြောဖြစ်မယ်ဆိုရင်(ငါရှိသေးရင်ပေါ့)shooting မလာခင်မနက်တော့ငါငိုဖြစ်ခဲ့လိမ့်မယ်ထင်တယ်ဆိုပြီးပြောပြလာတာလည်းဖြစ်ပါတယ်။
Zawgyi Version
ငါ meeting ခန္းထဲကထြက္လာေတာ့ဖိုးဉာဏ္ဖုန္းဆက္လာတယ္။တြတ္ပီမရွိေတာ့ဘူးတဲ့။ ေန႕ခင္း၁၁နာရီေလာက္။ငါဘယ္တြတ္ပီလဲေမးျဖစ္ေအာင္ေမးလိုက္တယ္။ေနာက္ဆုံးchanceတခုလိုမ်ိဳးေမးမိတာျဖစ္တယ္။
မဆုံးခင္ တပတ္ေလာက္ငါတို႔phoneေျပာျဖစ္တယ္။မင္းေဝခြဲရခက္ေနတာေတြပင္ပန္းရလို႔နဲနဲ depressed ျဖစ္ေနတာေတြ။ငါကေတာ့ငါ့ဆီလာဖို႔ေခၚတာပဲ။မင္းလဲလာမယ္ေျပာတာပဲ။လာမယ္ေျပာၿပီးေရာက္မလာတာမင္းအက်င့္ဆိုတာလဲ ငါသိတာေပါ့။ဖိုးလုံးဖုန္းဆက္တယ္။ငါတို႔မင္း သီခ်င္းေတြနားမေထာင္နိုင္ဘူး။မင္းပါတဲ့ video ငါအျမန္ေက်ာ္ပစ္ရတယ္။မင္းထြက္သြားရတာခက္ခဲမွန္းငါသိတယ္။ငါတို႔က်န္ခဲ့ရတာလဲသိပ္အလြယ္ကူႀကီးမဟုတ္ဘူး။
အခုထိငါဟာ playlist ေကာင္းေကာင္းရရင္မင္းကို share ခ်င္တုန္းပဲ။ေစာက္ေပါက္ကရေတြတနာရီေလာက္ ထိုင္ေျပာေနခ်င္တုန္းပဲ။ၿပီးခဲ့တဲ့ ၆ ႏွစ္ေလာက္ကဆုံးသြားတဲ့အဖြားကိုအခုထိငါႀကိဳက္တဲ့ဟင္းေတြလွမ္းခ်က္ခိုင္းခ်င္ေနမိသလိုေပါ့။ငါ့စိတ္က မင္းကိုေပးရွင္ထားတယ္။ငါမငိုေတာ့မငိုျဖစ္ေသးဘူးသားႀကီး။ငါ့လိုပဲအားလုံးစိတ္ေတြမတရားတင္းထားၿပီးေစာင့္ေနၾကတယ္ထင္တယ္။ငါတို႔ weak ျဖစ္ျပလို႔မရဘူး။တခ်ိန္ခ်ိန္မင္းdocumentary ရိုက္ျဖစ္လို႔ ငါစကားဝင္ေျပာျဖစ္မယ္ဆိုရင္(ငါရွိေသးရင္ေပါ့) shooting မလာခင္မနက္ေတာ့ငါငိုျဖစ္ခဲ့လိမ့္မယ္ထင္တယ္ဆိုၿပီးေျပာျပလာတာလည္းျဖစ္ပါတယ္။
Credit