Cele News

ဒီနေ့မှာ မတရားအဖမ်းဆီးခံလိုက်ရတဲ့ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ သားဖြစ်သူ အီတိုး

ဒီနေ့မှာမတရားအဖမ်းဆီးခံလိုက်ရတဲ့အဆိုတော်ဇော်ဝင်းထွဋ်ရဲ့သားဖြစ်သူအီတိုး

Rockerကြီးဇော်ဝင်းထွဋ်ရဲ့သားဖြစ်သူအီတိုးကတော့ကိုယ်တိုင်လည်းဂီတကိုချစ်မြတ်နိုးပြီးဖခင်ရဲ့ခြေယာကိုမီအောင်နင်းနိုင်သူတစ်ယောက်ပါ။ဒီနေ့မှာတော့အဆိုတော်အီတိုးကိုအကြမ်းဖက်မှုတွေမှာပါဝင်သည်ဟုဆိုကာစစ်ကောင်စီမှနေအိမ်တွေလာရောက်ဖမ်းဆီးသွားတယ်လို့လည်းသိရပါတယ်။

အမည်မဖော်လိုသူနီးစပ်သူတစ်ဦးကအဆိုတော်အီတိုးတို့အဖွဲ့ကိုအကြမ်းဖက်မှုမှာပါဝင်တာကြောင့်ဆိုပြီးတော့ဖမ်းဆီးသွားတာလို့ကြားရတယ်။ဒါပေမယ့်လက်နက်တွေနဲ့အတူဖမ်းဆီးခံရတာမဟုတ်ဘူး၊ခြံဝန်းအတွင်းမှာရှိတဲ့လူတွေအားလုံးကိုစကစမှခေါ်သွားတာဖြစ်ပါတယ်။

၉မိုင်ခြံဝန်းကိုမနက်၄နာရီမှာရောက်လာပြီးတော့ခြံဝန်းထဲကလူတွေကိုခေါ်သွားတာအခုထိဖမ်းထားတာအဆက်အသွယ်မရသေးဘူးဟုပြောကြားထားပါသည်။အဆိုပါဖမ်းဆီးခံရသူများမှာအနည်းဆုံးလူ၅ဦးခန့်ရှိကြောင်းသိရသည်။အီတိုးနှင့်နီးစပ်သူအသိုင်းအဝိုင်း၏ပြောကြားချက်များအရအီတိုးကိုရေကြည်အိုင်သို့ခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။

Zawgyi Version



၉ မိုင်ခြံဝန်းကိုမနက်၎နာရီမှာရောက်လာပြီးတော့ခြံဝန်းထဲကလူတွေကိုခေါ်သွားတာအခုထိ ဖမ်းထားတာအဆက်အသွယ်မရသေးဘူးဟု ပြောကြားထားပါသည်။

Credit