Cele News

မြန်မာပြည်ကြီး သွေးချောင်းမစီးဘဲ ဓမ္မဘက်က အနိုင်ရဖို့ ညတိုင်း သစ္စာဆို ဆုတောင်းပေးနေတဲ့ ခရစ်စတီးနားခီ

မြန်မာပြည်ကြီးသွေးချောင်းမစီးဘဲဓမ္မဘက်ကအနိုင်ရဖို့ညတိုင်းသစ္စာဆိုဆုတောင်းပေးနေတဲ့ခရစ်စတီးနားခီ

ပရိတ်သတ်တွေချစ်ခင်အားပေးရတဲ့အနုပညာစုံတွဲဖြစ်တဲ့ခဏ်ခီနဲ့ ခရစ်စတီးနားခီတို့ကရုပ်ရှင်ဇာတ်ကားကောင်းတွေကိုရိုတ်ကူးဖန်တီးခဲ့ပြီးနိုင်ငံတကာထိအောင်မြင်ခဲ့တာဘဲဖြစ်ပါတယ်။တမူးထူးခြားပြီး အရည်အသွေးမြင့်တဲ့ဇာတ်ကားတွေကိုဖန်တီးနိုင်တာကြောင့်ဒါရိုတ်တာခရစ်စတီးနားခီကနိုင်ငံတကာချီးမြှင့်တဲ့ဆုတွေကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။

ဒါအပြင်ခရစ်ခတီးနားခီတို့စုံတွဲကမြန်မာပြည်ဒီမိုကရေစီအကူးအပြောင်းမှာလည်းအကောင်းဆုံးရပံ့ပိုးကူညီပေးခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာခရစ်စတီးနားခီတို့စုံတွဲကနေအိမ်အကျယ်ချုပ်ကနေလွတ်မြောက်ခဲ့ပေမယ့်အမေရိကန်နိုင်ငံကိုတော့ပြန်ခွင့်မရသေးဘူးလို့လည်းသိရပါတယ်။

ဒီနေ့မှာတော့ခရစ်စတီးနားခီကတရားသောတိုက်ပွဲမှာအနိုင်ရဖို့ညတိုင်းဆုတောင်းပေးနေတဲ့အကြောင်းအခုလိုပြောပြလာပါတယ်။ညတိုင်းဆိုတဲ့အမိမြေအတွက်သစ္စာတရားနဲ့ဆုတောင်း၊ဓမ္မနဲ့အဓမ္မတိုက်ပွဲမှာနတ်ကောင်းနတ်မြတ်များကဓမ္မဘက်တော်သားများကိုစောင့်ရှောက်ပါစေ။မြန်မာပြည်ကြီးသွေးချောင်းမစီးစေဘဲနတ်ကောင်းနတ်မြတ်များရဲ့စောင့်ရှောက်မှုဖြင့်ဓမ္မဘက်ကရပ်တည်သူတွေများလာပါစေ။ဤမြေပေါ်တွင်ပွင့်တဲ့ပန်းပန်ဆင်ခွင့်မရှိတော့ရင်တောင်ဤမြေမှာမိစ္ဆာတွေကင်းပြီးလှပတဲ့အသီးအဖူးအပွင့်ကိုဤမြေပေါ်တွင်ရှိသောချစ်စရာကောင်းတဲ့မြန်မာပြည်သူပြည်သားများအမြန်ဆုံးအေးချမ်းစွာခံစားနိုင်ကြပါစေဆိုပြီးခရစ်စတီးနားခီကဆုတောင်းပေးထားတာဘဲဖြစ်ပါတယ်။

Zawgyi Version




Credit