အခင်ဆုံးထဲက အခင်မင်ရဆုံးတစ်ယောက်ကိုသတိရကြောင်းရင်ဖွင့်လာတဲ့ May
မေကတော့အနုပညာလောကမှာမော်ဒယ်သရုပ်ဆောင်၊အဆိုတော်စသဖြင့်အနုပညာလုပ်ငန်းများနဲ့ရပ်တည်နေတဲ့သူပါ၊အနုပညာရှင်ကြယ်တစ်လို့ပြောရပါမယ်၊နိုင်ငံရပ်ခြားမှာမော်ဒယ်လုပ်ကိုင်နေတဲ့ နိုင်ငံကျော်မော်ဒယ်သူဇာဝင့်လွင်ရဲ့အမတစ်ယောက်ဖြစ်ပါတယ်။မေကိုဗီဒီယိုဇာတ်လမ်းတွေမှာလဲမြင်ရတတ်ပါတယ်၊သီချင်းဆိုရတာကိုလဲဝါသနာပါသူမို့သူ့ရဲ့သီချင်းခွေတွေလဲထွက်ရှိခဲ့ပါတယ်။
တော်လှန်ရေးကာလအချိန်တွေမှာမေတို့ညီအမနှစ်ယောက်က ကိုယ်တိုင်ပါဝင်ပြီးပြည်သူတွေနဲ့အတူရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။ညီအမဖြစ်သူသူဇာဝင့်လွင်အတွက်အကောင်းဆုံးSupportတွေပေးခဲ့တဲ့အမပေါ့၊ယနေ့မှာမေကတော့သူ့ရဲ့အခင်မင်ရဆုံးထဲကအခင်ရဆုံးသူငယ်ချင်းတစ်ယောက်သတိရကြောင်းရင်ဖွင့်လာခဲ့ပါတယ်။တစ်ချိန်ကသီချင်းတွေဆိုဆော့ရင်းစနောက်ခဲ့ကြတဲ့ပုံရိပ်လေးတွေကိုထုတ် ပြလာခဲ့ပါတယ်။
သူချစ်ခင်ရတဲ့သူငယ်ချင်းကိုတောင်အဘိုကြီးလို့အမည်ပေးထားပါသေးတယ်။”ကျန်ခဲ့ရတဲ့သူတွေကလွမ်းတသသနဲ့ပါကျန်းမာရေးဆိုမကောင်းတတ်ကြဘူးကိုယ်တွေကသို့ပေမယ့်လည်းဆိုးကြတယ်ပေပေတေတေနေတတ်ကြတယ်ပျော်ခဲ့ကြတာတွေ ပြန်တွေးရင်လည်းဘဝကတန်ပါတယ်သတိရတယ်အဖိုးကြီးရေ”ဆိုပြီးကွယ်လွန်သွားပြီဖြစ်တဲ့အဆို တော်ရေမွန်ကို သတိရကြောင်းပြောပြလာတာပဲဖြစ်ပါတယ်။ဘယ်လောက်တောင်ချစ်ခင်ခဲ့ကြတဲ့သူင ယ်ချင်းတွေဆိုတာခုစာလေးဖတ်ပြီးတွေးမြင်လို့ရပါတယ်။ပြည်သူအတွက်တိုက်ပွဲဝင်ရင်းကွယ်ကွန်သွားခဲ့တဲ့ရီမွန်ကိုဘယ်သူမှမမေ့နိုင်ပါဘူးနော်။အားလုံးလဲသတိရနေတယ်မလားပရိတ်သတ်ကြီး။
Zawgyi
Credit