စားဝတ်နေရေးကျပ်တည်းနေတဲ့အိမ်ထောင်စု(၁၀၀)အတွက်ဆန်နဲ့အခြားလိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ရေဗက္ကာဝင်း
ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်ရေဗက္ကာဝင်းကတော့တစ်ချိန်ကသီချင်းကောင်းတွေကိုသီဆိုခဲ့ပြီးအောင်မြင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ကိုယ်ပိုင်အမ်ဘမ်တွေလည်းများစွာထွက်ရှိထားပါတယ်။
အဆိုတော်ရေဗက္ကာဝင်းကတော့အလှူအတန်းလည်းရက်ရောပြီးမကြာခဏဆိုသလိုအဆင်မပြေတဲ့မိသားစုတွေကိုလိုအပ်တဲ့ဆန်၊ဆီတွေလှူဒါန်းပေးနေတာဘဲဖြစ်ပါတယ်။ဒီနေ့မှာတော့ရေဗက္ကာဝင်းကကာလဒါနအလှူအဖြစ်အဆင်မပြေတဲ့အိမ်ထောင်စု(၁၀၀)စာအတွက်လိုအပ်တာတွေလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။
ရေဗက္ကာဝင်းကဒီနေ့ကာလဒါနအဖြစ်လိုအပ်နေတဲ့ပြည်သူများကိုဆန် ၃ပြည်၊ဟင်းချက်ဆီ၁လီတာ၊ကြက်သွန်နီ ၂ပိဿ၊အိမ်ထောင်စု၁၀၀စာအတွက်ပေးလှူမေတ္တာပြခဲ့ပါတယ်ရှင်။ကြက်သွန်နီ၈အိတ်ပါဝင်လှူဒါန်းတဲ့ကိုသော်မျိုးခန့်တို့မိသားစုအပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေရှင်ဆိုပြီးရေဗက္ကာဝင်းကအလှူလေးကိုမျှဝေထားတာဘဲဖြစ်ပါတယ်။
Zawgyi Version
Credit