Cele News

ငွေကြေးမတတ်နိုင်တဲ့ မသန်စွမ်းပြည်သူများအတွက် Wheelchair နဲ့ ချိုင်းထောက်များလှူဒါန်းသွားမယ့် ခိုင်နှင်းဝေ

ငွေကြေးမတတ်နိုင်တဲ့မသန်စွမ်းပြည်သူများအတွက် Wheelchair နဲ့ချိုင်းထောက်များလှူဒါန်းသွားမယ့်ခိုင်နှင်းဝေ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ခိုင်နှင်းဝေက​တော့အနုပညာနယ်ပယ်မှာလည်းအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်သလိုပရဟိတအလုပ်တွေကိုလည်းစိတ်ရောကိုယ်ပါလုပ်ကိုင်နေသူတစ်ယောက်ပါ။ခိုင်နှင်းဝေကတော့မိဘမဲ့ကလေးတွေကိုမိဘရင်းသဖွယ်စောင့်ရှောက်ပေး​နေတာလည်းဖြစ်ပါတယ်။

ဒါအပြင်ခိုင်နှင်းဝေကတော့စားဝတ်နေရေးကျပ်တည်းနေတဲ့ပြည်သူတွေဆီမကြာခဏဆိုသလိုဆန်၊ဆီနဲ့အခြားလိုအပ်တာတွေလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ခိုင်နှင်းဝေကငွေကြေးမတတ်နိုင်လို့ ချိုင်းထောက်တို့မဝယ်နိုင်တဲ့မသန်စွမ်းပြည်သူတွေကိုလှူဒါန်းပေးသွားမှာဘဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကငွေကြေးမတတ်နိုင်သောမသန်စွမ်းညီအစ်ကိုမောင်နှမများအတွက်ခိုင်နှင်းဝေပရဟိတအသင်းမှခုနှစ်ရက်သားသမီးကုသိုလ်ရှင်များစုပေါင်း၍ Wheelchairအစီး(၅၀)၊ချိုင်းထောက်များ၊တုတ်ကောက်များ(တန်ဘိုးငွေကျပ်သိန်း၁၀၀ဝန်းကျင်ခန့်)ကိုလှုဒါန်းပေးသွားပါမယ်ရှင်။ကုသိုလ်အစုစုတို့အားတွေ့သူမြင်သူအားလုံးပဲသာဓုခေါ်ဆိုနိုင်ကြပါစေရှင်ဆိုပြီးအလှူလေးကိုမျှဝေထားတာဘဲဖြစ်ပါတယ်။

Zawgyi Version




Credit