Cele News

ကွယ်လွန်သွားတဲ့ဖခင် ဖြစ်စေချင်တဲ့ဆန္ဒတွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အကြောင်းပြောလာတဲ့ ပိုးကြာဖြူခင်

ကွယ်လွန်သွားတဲ့ဖခင်ဖြစ်စေချင်တဲ့ဆန္ဒတွေကိုအကောင်းဆုံးဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အကြောင်းပြောလာတဲ့ပိုးကြာဖြူခင်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ဇာတ်လမ်းတွဲတွေကနေအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီးအောင်မြင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ ဖခင်ကွယ်လွန်သွားတာသုံးနှစ်ကျော်ပြီဖြစ်ပေမယ့်ဒီနေ့အချိန်ထိတိုင်မေ့မရနိုင်တဲ့သူရဲ့ခံစားချက်တွေကိုအခုလိုပြောပြလာပါတယ်။

ပိုးကြာဖြူခင်ကကိုဗစ်ဆိုတာလဲမသိလိုက်ဘူးနိုင်ငံရေးပဠိပခတွေလဲမသိလိုက်ဘူးသားသမီးတွေရဲ့အောင်မြင်မှုကိုဂုဏ်ယူတဲ့စိတ်လေးနဲ့ပဲ၂၀၁၈ကတည်းကထွက်သွားခဲ့တယ်။တခုခုဆိုလုပ်ပစ်မကြောက်နဲ့ပါးကြီးရှိတယ်ဆိုပြီးသမီးကိုထိရင်တစက်လေးမှမခံဘယ်သွားသွားအနောက်ကတကောက်ကောက်လိုက်ပြီးအားပေးခဲ့တာထွက်သွားခါစကဆိုအဖေကိုအားကိုးခဲ့တဲ့အရာတွေဘာတခုမှမလုပ်တတ်တော့ဘူး။

လမ်းတွေလဲမသိကားလဲမမောင်းတတ်အတူတူတွဲလုပ်ခဲ့တဲ့အရာတွေမှန်သမျှအတွက်ဘက်ပဲ့သွားသလိုခံစားရတယ်အရမ်းအားငယ်ခဲ့ရတယ်အနားမှာမရှိတော့တာ ၃နှစ်ရှိပြီ၃နှစ်အတွင်းအရင်ကထက်အများကြီးပိုသန်မာလာတယ်။အများကြီးပိုသိတတ်လာတယ်ပါးကြီးဖြစ်စေချင်ခဲ့သလိုကားလဲမောင်းတတ်ပြီနေရာတစ်ခုလဲရခဲ့ပြီအရာရာတိုင်းအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးမျှဝေလာတာဘဲဖြစ်ပါတယ်။

Zawgyi Version




Credit