Cele News

ချစ်မေမေရဲ့မွေးနေ့လေးမှာ မိသားစု စုံစုံလင်လင်မရှိတာကြောင့် ဝမ်းနည်းနေတဲ့ ပြေတီဦးညီမလေး ငွေတီဦး

ချစ်မေမေရဲ့မွေးနေ့လေးမှာမိသားစုစုံစုံလင်လင်မရှိတာကြောင့်ဝမ်းနည်းနေတဲ့ပြေတီဦးညီမလေးငွေတီဦး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ပြေတီဦးကတော့ပြည်သူနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာကြောင့်မတရားဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒီနေ့ကတော့ပြေတီဦးရဲ့မိခင်ကြီးမွေးနေ့လေးဘဲဖြစ်ပါတယ်။မိခင်ကြီးရဲ့မွေးနေ့လေးမှာအရင်လိုမိသားစုစုံစုံလင်လင်မရှိတာကြောင့်ပြေတီဦးညီမလေးကအခုလိုပြောပြလာပါတယ်။

ဒီနေ့ချစ်ရသောမေမေ့မွေးနေ့အရင်နှစ်တွေကတော့နှစ်တိုင်းမိသားစုစုံစုံလင်လင်နဲ့အလှုတွေလုပ်ရင်းကျော်ဖြတ်နေကြပေါ့။ဒီနှစ်တော့သားတွေသမီးတွေအနားမှာမရှိနိုင်ပေမယ့်မေမေကတော့ရိုးရာမပြတ်အလှုလုပ်ပါတယ်။သားနဲ့ သမီးချွေးမရှိရာနေရာမှာ နေ့လည်စာဒါနပြုရင်းပေါ့။သမီးငယ်ကညကဆေးရုံစောင့်ရမယ်မေမေလို့ ပြောတော့သားလေးဉာဏ်ဉာဏ်ကိုသေချာဂရုစိုက်လိုက်နော်တဲ့မှာရှာတယ်။မေမေဟာသူ့သားမက်လေးကိုတော်တော်ချစ်ရှာတယ်။သားမက်လို့သဘောမထားဘဲသားအငယ်ဆုံးလေးလို့သဘောထားတယ်။နေမကောင်းလို့ဆေးရုံတက်ရတော့လည်းမျက်နှာပျက်ပျက်နဲ့တအားဝမ်းနည်းနေတော့သမီးကပြန်အားပေးနေရတယ်ဉာဏ်ကလေ မေမေ့ကိုသိပ်ဂရုစိုက်တာသူတခုခုဖြစ်မှာမေမေမခံနိုင်ဘူးတဲ့သမီးနှစ်ယောက်အပေါ်အရမ်းကောင်းလို့သူ့သမီးနှစ်ယောက်ရဲ့အိမ်ထောင်ဖက်တွေအပေါ်သားများကဲ့သို့ချစ်ရှာသလိုချွေးမကိုလည်းသမီးကဲ့သို့ချစ်ရှာတယ်။

သားနဲ့ချွေးမ ကြပြန်တော့လည်းသားအတွက်စိတ်မကောင်းဖြစ်ပေမယ့်ချွေးမလေးခံနိုင်ရည်မရှိမှာကို ပိုပီးပူပင်သောက ရောက်ရသူသားသမီးချွေးမသားမက် ဆွေမျိုးမိတ်ဆွေ အကုန်လုံးအပေါ် တာဝန်ကျေသောလူတိုင်းအပေါ် မေတ္တာထားနိုင်သောအမုန်းရန်ငြိုး မရှိသောခွင့်လွှတ်တတ်သောလောဘ ဒေါသမာန်မာနနည်းသောမေမေလူချစ်လူခင်ပေါများသောမေမေသမီးနှစ်ယောက်ထက်​ပို ချောသောမေမေသမီးက ဖြစ်စေချင်တဲ့အတိုင်းဝိပဿနာကို ကြိုးစားအားထုတ်ပေးတဲ့မေမေအသက်ရှည်စွာအနာမဲ့ပြီးလွယ်ကူသောခန္ဓာဝန် ကိုထမ်းဆောင်နိုင်ခြင်းဖြင့် လောကီလောကုတ် ကောင်းကြိုးအတွက်ဆက်လက်ပြီးဆောင်ရွက်နိုင်ပါစေမေမေချစ်တဲ့သားသမီးတွေနဲ့လဲအမြန်ဆုံးပျော်ပျော်ရွှင်ရွှင်ပြန်နေနိုင်ပါစေလို့ သမီးဆုတောင်းပေးပါတယ်မေမေချစ်တယ်နော်HAPPY BIRTHDAY MY BELOVED MOM

Zawgyi Version




Credit