Cele News

ဖခင်ကွယ်လွန်ခြင်း(၁)လပြည့်အလှူလေးမှာ ကိုယ်တိုင်ပါဝင်ချင်ပေမယ့် အဝေးကနေဘဲ သာဓုခေါ်ပေးနေရတဲ့ ဖွေးဖွေး

ဖခင်ကွယ်လွန်ခြင်း(၁)လပြည့်အလှူလေးမှာအဝေးကနေဘဲသာဓုခေါ်ပေးနေရတဲ့ဖွေးဖွေး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ဖွေးဖွေးကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ဖွေးဖွေးကတော့လူထုလှုပ်ရှားမှူကြီးမှာပါဝင်ခဲ့ပြီးပြည်သူဘက်ကရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မလိုဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ဖွေးဖွေးကဖခင်ရဲ့နောက်ဆုံးခရီးမှာတောင်တွေ့ခွင့်မရလိုက်ပါဘူး။ဒီနေ့ကတော့ဖခင်ကြီးကွယ်လွန်တာတစ်လပြည့်ကိုကျန်ရစ်သူမိသားစုကဆွမ်းကပ်အလှူလေးပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်ဖွေးဖွေးကတော့ဒီအလှူလေးမှာလည်းကိုယ်တိုင်ပြုလုပ်ခွင့်မရဘဲအဝေးကနေဘဲအလှူလေးကိုသာဓုခေါ်ပေးနေတာဖြစ်ပါတယ်။မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi Version




Credit