မိတ်ဆွေရင်းတွေရဲ့သစ္စာဖောက်ခြင်းကိုခံရတဲ့အကြောင်းဝမ်းနည်းစွာပြောလာတဲ့ဆယ်လီဖြူဖြူထွေး
သရုပ်ဆောင်ဆယ်လီဖြူဖြူထွေးကတော့အကဗီဒီယိုကနေတဆင့်လူသိများလာခဲ့ပြီးနောက်ပိုင်းဟာသဗီဒီယိုတွေရိုတ်ကူးပြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်။ကိုဗစ်ပထမကာလမှာအနုပညာရှင်ကြီးတွေတောင်အလုပ်လက်မဲ့ဖြစ်နေချိန်မှာဖြူဖြူထွေးကတော့ကြောငြာတွေဆက်တိုက်ရိုတ်ကူးခဲ့ရတာလည်းဖြစ်ပါတယ်။
ဒါအပြင်ဖြူဖြူထွေးကအလှူအတန်းလည်းရက်ရောပြီးမကြာခဏဆိုသလို လိုအပ်တဲ့ပြည်သူတွေဆီလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုကြီးပေါ်လာချိန်မှာတော့ဖြူဖြူထွေးကအစပိုင်းမှာသာပါဝင်ခဲ့ပြီးနှုတ်ဆိတ်နေခဲ့တာကြောင့်ပရိသတ်တွေရဲ့အပြင်းအထန်ဝေဖန်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဒါကြောင့်မလို့ဖြူဖြူထွေးကလိုင်းပေါ်ကအတန်ကြာပျောက်သွားခဲ့ပြီးမွေးရပ်မြေတောရွာမှာဘဲနေထိုင်နေတာဖြစ်ပါတယ်။ဒီနေ့မှာတော့ဖြူဖြူထွေးကလူရင်းတွေရဲ့သစ္စာဖောက်ခြင်းခံရတဲ့အကြောင်းအခုလိုပြောပြလာပါတယ်။ဖြူဖြူထွေးကနောက်ကျောကိုဓားနဲ့ထိုးတိုင်းလှည့်ကြည့်လိုက် ကိုယ့်မိတ်ဆွေကိုယ်ခင်ရတဲ့သူတွေကြည်ဘဲဆိုပြီးဝမ်းနည်းစွာပြောပြလာတာဘဲဖြစ်ပါတယ်။
Zawgyi version
Credit