Cele News

ချစ်မေမေရဲ့မွေးနေ့ဆုတောင်းလေးကြောင့် ပြီးပြည့်စုံတဲ့မွေးနေ့လေးဖြစ်သွားပြီဆိုတဲ့ စိုးပြည့်သဇင်

ချစ်မေမေရဲ့မွေးနေ့ဆုတောင်းလေးကြောင့် ပြီးပြည့်စုံတဲ့မွေးနေ့လေးဖြစ်သွားပြီဆိုတဲ့ စိုးပြည့်သဇင်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်စိုးပြည့်သဇင်ကတော့အနုပညာမျိုးရိုးရှိပေမယ့်ကိုယ်တိုင်ကြိုးစားမှုဖြင့်အောင်မြင်မှုနေရာတခုကိုရရှိထားတာဖြစ်ပါတယ်။ဒီနေ့ကတော့သရုပ်ဆောင်စိုးပြည့်သဇင်ရဲ့(၂၉)နှစ်ပြည့်မွေးနေ့လေးဘဲဖြစ်ပါတယ်။မွေးနေ့လေးမှာပရိသတ်တွေကဆုမွန်ကောင်းတောင်းပေးထားသလိုမိခင်ဖြစ်သူကလည်းအခုလိုဆုတောင်းပေးလာပါတယ်။

သမီးလေးတနှစ်ကြီးပြန်ပေါ့နှစ်တိုင်းနှစ်တိုင်းအလှူဒါနလေးတွေနဲ့သမီးချစ်တဲ့fanလေးတွေနဲ့ပျော်ရွှင်ဖြတ်ကျော်နေကြကြိုတင်မှန်းဆလို့ပျော်မဲ့တွေ့ဆုံကြရမဲ့ရက်လေးတွေတွက်ဆလို့နေခဲ့နေကြမေမေကလည်းသူတို့လေးတွေလာရင်ဘာကြွေးရမလဲတွက်ချက်ပြင်ဆင်နေကြဘဝဆိုတာဒီလိုပဲမှန်းဆလို့မရဘူးဖြစ်ချင်တိုင်းလည်းမဖြစ်ရဘူးဘာတွေဖြစ်လာအုံးမလဲဘယ်လောက်စောင့်ရမှာလည်းမတွက်တတ်တော့ဘူးဒီကြားထဲခြေထောက်ကျိုးတဲ့မေမေကဘာမှကူမလုပ်နိုင်လို့သမီးတယောက်ထဲအရမ်းပင်ပန်းသွားတယ်ကွယ်။

အလှူအတန်းဝါသနာပါတဲ့သမီးကတော့တတ်နိုင်သလောက်ချစ်သူတွေနဲ့အတူလှူဒါန်းသွားမှာပါပဲမွေးနေ့တိုင်းမွေးနေ့တိုင်းဘယ်လိုလှူရမလဲအမြဲစဉ်းစားကျော်ဖြတ်နေတဲ့သမီးအလှူရေစက်လက်နဲ့မကွာလှူနိုင်ပါစေဖေဖေမေမေတို့နဲ့သွားလာနေရရင်အမြဲပျော်နေတဲ့သမီးအမေကိုအမြဲစနေရမှပျော်တဲ့သမီးလေးကိုအပေးချင်ဆုံးဆုကတော့လောဘ ဒေါသ မောဟ များလွန်းလှတဲ့လောကကြီးထဲမှာအေးငြိမ်းရာနေရာမြတ်နိဗ္ဗာန်ကိုဒီဘဝမှာပဲရှာဖွေတွေ့ရှိနိုင်ပါစေ

Zawgyi Version





Credit