တောထဲမှာဖခင်နဲ့အတူအဆင်ပြေသလိုစားသောက်နေပေမယ့်မငြီးငြူရှာတဲ့မင်းမော်ကွန်းသားငယ်လေး
ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်မင်းမော်ကွန်းကတော့ အနုပညာအရည်အချင်းပြည့်ဝပြီးဘက်စုံတော်တဲ့သူတစ်ယောက်ပါ။မင်းမော်ကွန်းကတော့ပြည်သူနဲ့အတူရဲရဲဝင့်ဝင်ရပ်တည်ပေးခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံရတာကြောင့်လွတ်မြောက်နယ်မြေကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။
မင်းမော်ကွန်းကတော့မိသားစုကိုပါလွတ်မြောက်နယ်မြေကိုခေါ်ယူခဲ့ပြီးတောထဲမှာအလှူမခံဘဲအဆင်ပြေသလိုစားသောက်နေထိုင်နေတာလည်းဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့သားလေးကလည်းဖခင်ကိုချစ်သူပီပီ တောထဲမှာဖြစ်သလိုစားသောက်နေရပေမယ့်မငြီးငြူရှာပါဘူး။
ပရိသတ်တွေကမင်းမော်ကွန်းတို့မိသားစုကိုလေးစားဂုဏ်ယူနေကြပြီပြန်လာရင်သူရဲကောင်းတွေအနေနဲ့ကြိုဆိုဖို့စောင့်မျှော်နေကြတာလည်းဖြစ်ပါတယ်။
Zawgyi version
Credit