Cele News
တစ်လထဲမှာပဲကွယ်လွန်သွားခဲ့တဲ့ဖခင်နှင့်အဖွားဖြစ်သူနှစ်ဦးအားရည်စူးပြီးကုသိုလ်ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်သူရိယ
တစ်လထဲမှာပဲကွယ်လွန်သွားခဲ့တဲ့ဖခင်နှင့်အဖွားဖြစ်သူနှစ်ဦးအားရည်စူးပြီးကုသိုလ်ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်သူရိယ
သူရိယကတော့အနုပညာလောကမှာလျှောက်လှမ်းနေတဲ့သရုပ် ဆောင်တစ်ယောက်ဖြစ်ပါတယ်၊သူကတိုင်းရင်းဆေးသမားတော်ကြီးရဲ့သားတစ်ယောက်ဖြစ်ပြီး၊စိန်ဘယက်တိုင်းရင်းဆေးတိုက်ကိုလဲဦးစီးလုပ်ကိုင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။တိုင်းရင်းဆေးသမားတော်ကြီးဦးကြည်လင်းကယခင်တလောကပဲဆုံးပါးသွားခဲ့ပါတယ်၊ချစ်ခင်ရတဲ့ဖခင်ဆုံရှုံးလိုက်ရတော့သူရိယလဲအတော်လေးဖြေမဆည်ခဲ့ပါဘူး။
အရင်ကသူချစ်ရတဲ့အဖွားနှစ်ဦးကိုလဲဆုံးရှုံးလိုက်ပြီးနောက် ဖခင်ကိုပါဆုံးရှုံးလိုက်ရတာပါ၊သူရိယကသရုပ်ဆောင်နယ်ပယ်မှာလဲသရုပ်ဆောင်ကောင်းတဲ့သူလို့ဆိုရပါမယ်။ဇာတ်လမ်းအတော်များများမှာလဲပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ယခင်ကတော့မင်းသမီးစုအိမ့်စံနဲ့လက်ထက်ယူဖို့ထိစီစဥ်ခဲ့ကြပါတယ်၊သိုပေမယ့်ပုဂ္ဂိုလ်ရေးပြသနာကြောင့်အစီးအစဥ်ပျက်သွားခဲ့တယ်လို့သိရပါတယ်။ကိုသူရိယကတော့ယနေ့အချိန်ထိအနုပညာလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေဆဲပါပဲနော်။
ကိုသူရိယနဲ့ဆိုရှယ်မှာတစ်လထဲမှာပဲကွယ်လွန်သွားခဲ့တဲ့ဖခင်နဲ့အဖွားတွေကိုရည်စူးပြီးကုသိုလ်ပြုလုပ်နေတဲ့ပုံရိပ်လေးတွေမျှဝေလာခဲ့ပါတယ်၊သံဃာတော်များထံမှာပစ္စည်းဝတ္ထုအစူံကပ်လှူခဲ့တာပါ၊”ဘုရား၊သိမ်၊ကျောင်း၊ရဟန်း ဒါယကာဖေဖေဦးကြည်လင်းအားရည်စူး၍တစ်လပြည့်အလှူအဖြစ်စိန်ဘယက်ဆေးတိုက်မိသားစုမှဘုရားအမှူးရှိသောသံဃာတော်အရှင်သူမြတ်တို့အားနေ့ဆွမ်း၊အချိုပွဲ၊နဝကမ္မ၊ထီး၊ဖိနပ်၊ယပ်ဉသင်္ကန်း၊ဆန်၊ဆီ၊ဆေး၊ဆား၊ငရုတ်၊ကြက်သွန်အစရှိသည့် လှူဖွယ် ဝတ္ထုအစုစုတို့ကိုလှူဒါန်းပါသည်။ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားသောဖွားဖွားဒေါ်ရင်ဖွား၊ဖွားဖွားဒေါ်တင်မြ၊ဖေဖေဦးကြည်လင်းနှင့်တကွ (၃၁)ဘုံ၌ကျင်လည်ကြကုန်သောဝေနေယျသတ္တဝါအပေါင်းတို့ကိုရေစက်သွန်းချ၍ကုသိုလ်အမျှအတန်းများပေးဝေပါသည်”ဆို​ပြီးရေးသားလာခဲ့ပါတယ်၊ပြုသမျှကုသိုလ်သာဓုခေါ်နိုင်ကြပါစေ။
Zawgyi
Credit