Cele News

ရည်မှန်းချက်တူသူတွေအချင်းချင်း မတိုက်ခိုက်ဘဲ အတူစည်းလုံးပေးကြဖို့တိုက်တွန်းလာတဲ့ ထားထက်ထက်

ရည်မှန်းချက်တူသူတွေအချင်းချင်းမတိုက်ခိုင်ဘဲအတူစည်းလုံးပေးကြဖို့တိုက်တွန်းလာတဲ့ထားထက်ထက်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ထားထက်ထက်ကတော့ပြည်သူနဲ့အတူရဲရဲဝင့်ဝင့်ရပ်တည်ပေးခဲ့တဲ့သူတစ်ယောက်ပါ။ထားထက်ထက်ကရည်မှန်းချက်တူသူအချင်းချင်းပြန်တွေ့ကြဖို့ မသေချာသူတွေအချင်းချင်းမှာဘာလို့များတိုက်ခိုက်နေကြမလဲ။နေ့စဉ်ကျွန်မတို့ပြည်သူတွေဖမ်းဆီးခံနေရတယ်။နှိပ်စက်ခံနေရတယ်အသတ်ခံနေရတယ်။အာဏာရှင်စနစ်ဆိုးဟာကျေးလက်ရွာမြို့မခွဲဘဲရက်စက်ကြမ်းကြုတ်နေတာမြင်နေလျက်နဲ့အချင်းချင်းမတိုက်ခိုက်ကြဖို့မေတ္တာရပ်ခံပါတယ်။

ကျွန်မတို့အိမ်ကိုလွမ်းတယ်ဇာတိရပ်ရွာကိုလွမ်းကြတယ်ချစ်ခင်ရတဲ့အပေါင်းအသင်းမိသားစုသူငယ်ချင်းတွေကိုလွမ်းတယ်ထိုင်နေကျ အသုပ်ဆိုင်လေးကိုလွမ်းတယ်အခွင့်အရေးရရင်အိမ်ပြန်ချင်တာပေါ့အမေစုရဲ့အေးချမ်းတဲ့အပြုံးတွေပြန်မြင်ရဖို့တိုင်းရင်းသားတွေအားလုံး လွတ်မြောက်ဖို့အမှန်တရားကိုချစ်တဲ့သူတွေအိမ်မှာမနေရတဲ့နောက်ဆုံးမျိုးဆက်ဖြစ်ဖို့ကျွန်မတို့ချစ်တဲ့မြေမှာလက်နက်ကိုင်ထားတဲ့သူကလက်နက်မဲ့သူကို အနိုင်ကျင့်လို့ရတဲ့စနစ်ဘယ်တော့မှမရှိတော့ဖို့ကျွန်မတို့မျိုးဆက်ကရင်းနှီးမြှုပ်နှံရတဲ့အခါ သဘောထားကြီးမြင့်မြတ်ကြရအောင်လားကျည်လွတ်မြေကကူနေတဲ့သူတွေကိုမုဒိတာထားကြမယ်။

လေအန္တရာယ်ကြားကတိုက်ပွဲဝင်နေသူတွေကိုမေတ္တာပို့ကြမယ်လေအိမ်ပြန်မရောက်နိုင်တော့တဲ့ရဲဘော်မိသားစုတွေကိုဂရုဏာပြကြမယ်လေနောက်ဆုံးအာဏာရှင်တော်လှန်ရေးမှာပါဝင်နေသူအချင်းချင်းမို့ သိပ်အမြင်ကပ်နေရင်တောင်ဥပေက္ခာပြုပေးလိုက်ကြမယ်လေကျေးဇူးပြုပြီးဒီတော်လှန်ရေးကာလလေးပဲဖြစ်ဖြစ်အချင်းချင်းညီညီညွတ်ညွတ်နဲ့ခရီးဆက်ကြဖို့တောင်းပန်ပါတယ်ရှင်ကျွန်မတို့တွေအောင်ပွဲနဲ့အတူအိမ်တကယ်ပြန်ချင်လို့ပါ။

Zawgyi Version

ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့သ႐ုပ္ေဆာင္ထားထက္ထက္ကေတာ့ ျပည္သူနဲ႕အတူရဲရဲဝင့္ဝင့္ရပ္တည္ေပးခဲ့တဲ့သူတစ္ေယာက္ပါ။ထားထက္ထက္ကရည္မွန္းခ်က္တူသူအခ်င္းခ်င္းျပန္ေတြ႕ၾကဖို႔ မေသခ်ာသူေတြအခ်င္းခ်င္းမွာဘာလို႔မ်ား တိုက္ခိုက္ေနၾကမလဲ။ေန႕စဥ္ ကြၽန္မတို႔ ျပည္သူေတြ ဖမ္းဆီး ခံေနရတယ္။

ကြၽန္မတို႔အိမ္ကိုလြမ္းတယ္ဇာတိရပ္႐ြာ ကို လြမ္းၾကတယ္ခ်စ္ခင္ရတဲ့အေပါင္းအသင္းမိသားစု သူငယ္ခ်င္းေတြကိုလြမ္းတယ္ထိုင္ေနက် အသုပ္ဆိုင္ေလးကိုလြမ္းတယ္အခြင့္အေရးရရင္ အိမ္ျပန္ခ်င္တာေပါ့အေမစုရဲ႕ေအးခ်မ္းတဲ့အၿပဳံးေတြျပန္ျမင္ရဖို႔တိုင္းရင္းသားေတြအားလုံး လြတ္ေျမာက္ဖို႔အမွန္တရားကိုခ်စ္တဲ့သူေတြအိမ္မွာမေနရတဲ့ေနာက္ဆုံးမ်ိဳးဆက္ျဖစ္ဖို႔ကြၽန္မတို႔ ခ်စ္တဲ့ေျမမွာလက္နက္ကိုင္ထားတဲ့သူကလက္နက္မဲ့သူကို အနိုင္က်င့္လို႔ရတဲ့ စနစ္ဘယ္ေတာ့မွမရွိေတာ့ဖို႔ ကြၽန္မတို႔ မ်ိဳးဆက္ကရင္းႏွီးျမႇုပ္ႏွံရတဲ့အခါ သေဘာထားႀကီးျမင့္ျမတ္ၾကရေအာင္လားက်ည္လြတ္ေျမကကူေနတဲ့သူေတြကိုမုဒိတာထားၾကမယ္။

ေလအႏၱရာယ္ၾကားက တိုက္ပြဲဝင္ေနသူေတြကိုေမတၱာ ပို႔ၾကမယ္ေလအိမ္ျပန္မေရာက္နိုင္ေတာ့တဲ့ရဲေဘာ္မိသားစုေတြကိုဂ႐ုဏာ ျပၾကမယ္ေလေနာက္ဆုံး အာဏာရွင္ေတာ္လွန္ေရးမွာပါဝင္ေနသူ အခ်င္းခ်င္းမို႔ သိပ္အျမင္ကပ္ေနရင္ေတာင္ဥေပကၡာ ျပဳေပးလိုက္ၾကမယ္ေလေက်းဇူးျပဳၿပီးဒီေတာ္လွန္ေရးကာလေလးပဲျဖစ္ျဖစ္အခ်င္းခ်င္းညီညီၫြတ္ၫြတ္နဲ႕ခရီးဆက္ၾကဖို႔ေတာင္းပန္ပါတယ္ရွင္ကြၽန္မတို႔ေတြေအာင္ပြဲနဲ႕ အတူအိမ္တကယ္ျပန္ခ်င္လို႔ပါ။

Credit