ချစ်ဖေဖေရဲ့မွေးနေ့လေးမှာဘုရားသွားကုသိုလ်ယူရင်းအဖြစ်ချင်ဆုံးဆန္ဒလေးကိုဆုတောင်းပေးလိုက်တဲ့ အေးမြတ်သူ
ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်အေးမြတ်သူကတော့ စွယ်စုံရမင်းသမီးတစ်လက်ဖြစ်ပြီးအကယ်ဒမီထူးချွန်ဆုကိုလည်းထိုက်ထိုက်တန်တန်ရရှိထားတဲ့သူတစ်ယောက်ပါ။
အေးမြတ်သူကတော့အခုချိန်ထိနုပျိုပြီးလှပပြီးအမိုက်စားဘော်ဒီကိုလည်းထိမ်းထားနိုင်ပါသေးတယ်။ဒါအပြင်အေးမြတ်သူကမိဘတွေကိုပျော်ရွှင်အောင်ထားနိုင်တဲ့သမီးလိမ္မာလေးလည်းဖြစ်ပါတယ်။
ဒီနေ့ကျရောက်တဲ့ဖခင်ကြီးရဲ့မွေးနေ့မှာဘုရားသွားကုသိုလ်ယူရင်းချစ်ဖေဖေအတွက်မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။အေးမြတ်သူကမွေးနေ့မှစ၍နေ့ရက်တိုင်းပျော်ရွှင်ပါစေဖေကြီး၊အရမ်းချစ်တယ်ဖေကြီးအမြဲနေကောင်းကျန်းမာအောင်နေပါဆိုပြီးမွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။
Zawgyi Version
Credit