မွေးရာပါကလီစာများအပြင်ထွက်နေတဲ့သမီးလေးကိုပဌာန်းဆက်ကြောင့်ခေါ်ယူမွေးစားမယ့်ခိုင်နှင်းဝေ
ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ခိုင်နှင်းဝေကတော့ အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်သလိုပရိဟိတအလုပ်တွေကိုလည်းစိတ်ရောကိုယ်ပါနစ်ပြီးလုပ်ကိုင်နေသူတစ်ယောက်ပါ။
ဒါအပြင်ခိုင်နှင်းဝေကမိဘမဲ့ဂေဟာကိုဖွင့်ထားပြီး စွန့်ပစ်ခံရတဲ့ကလေးတွေကိုစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ခိုင်နှင်းဝေကမွေးရာပါကလီစာတွေအပြင်ထွက်နေတဲ့သမီးလေးကိုခေါ်ယူမွေးစားမယ့်အကြောင်းပြောပြလာပါတယ်။
ခိုင်နှင်းဝေကပဌာန်းဆက်ရေစက်တွေကြောင့် ထပ်မံ မွေးစားဆေးကုသပေးသွားမဲ့သမီးလေးပါရှင်ရှမ်းပြည်နယ်တောဘက်မှဖြစ်ပြီးမွေးရာပါ ကလီစာများအပြင်ထွက်နေသောကြောင့်အရေးပေါ် ခွဲစိတ်ကုသမှုများခံယူရမည့် ၃ ရက်သမီးလေးပါသက်ရှည်ကျန်းမာပါစေကြောင်းဆုတောင်းရင်းတတ်နိုင်သမျှကယ်တင်သွားဖြစ်ပါမယ်ရှင်ဆိုပြီးမျှဝေလာတာဘဲဖြစ်ပါတယ်။
Zawgyi version
Credit