ဘေဘီပွင့်တံဆိပ်နဲ့ကိုယ်တိုင်လုပ်ပီဇာတွေရောင်းရင်းမိဘကိုလုပ်ကျွေးပြုစုနေတဲ့သရုပ်ဆောင် ပွင့်
ချစ်ပရိတ်သတ်ကြီးရေအနုပညာရှင်ကြယ်တစ်ပွင့်ဖြစ်တဲ့မပွင့်ကို့မေ့သွားကြပြီလားနော်၊ဟာသဇာတ် လမ်းတွဲတွေမှာသူမပါရင်မပြီးသလိုပါပဲ၊အရမ်းချစ် စရာကောင်းတဲ့မျက်နှာလေးကပရိတ်သတ်တွေကိုအချစ်ပိုစေခဲ့တဲ့သူပေါ့၊ပွင့်ကကိုယ်လုံးထွားထွားနဲ့သဘောကောင်းတဲ့အနုပညာရှင်တစ်ဦးပါပဲ၊သူမကိုချစ်တဲ့ပရိတ်သတ်တွေလဲအများကြီးပိုင်ဆိုင်ထားပါတယ်၊အနုပညာလောကမှာဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။
ပွင့်ကဗီဒီယို၊ရုပ်ရှင်တွေများစွာကိုရိုက်ကူးခဲ့ပါတယ်၊ယခုနောက်ပိုင်းမှာတော့ပွင့်ကိုအနုပညာလောကထဲမှာမတွေ့ရအတော်ကြာပြီဖြစ်ပါတယ်၊မီဒီယာတစ်မှာတော့သူမရဲ့လက်ရှိပြုလုပ်နေတာလေးတွေကိုပြောပြလာခဲ့တာတွေ့ရပါတယ်နော်၊ခုဆိုပွင့်ကကိုယ်ပိုင်စီး ပွားရေးတစ်ခုကိုလုပ်ကိုင်ဆောင်ရွက်နေပါပြီ၊သူမရဲ့ကိုင်ပိုင်တံဆိပ်ဖြစ်တဲ့ BabyPwint ဆိုတဲ့ပီဇာလေးကိုရောင်းချပေးနေတာဖြစ်ပါတယ်။အရမ်းလဲအရ သာကောင်းမွန်ပြီး၊ရောင်းကောင်းတယ်လို့သိရပါတယ်၊မပွင့်ကတော့စေတနာတွေအများကြီးထည့်ပြီးပြုလုပ်ကြောင်းပြောပြလာပါတယ်နော်။
မပွင့်ကပီဇာတစ်မျိုးပဲရောင်းချတာလားဆိုမဟုတ်ပါဘူးနော်၊သူမချက်ပြုတ်ချင်တဲ့စားသောက်ကုန်ဟင်းတွေးကိုလဲချက်ပြုတ်ရောင်းချပေးပါတယ်၊သူမရဲ့လက်ရာတွေကိုတစ်ကူးတကမှာစားတဲ့သူတွေတောင်ရှိပါတယ်တဲ့၊သူမရဲ့အလုပ်ကရတဲ့အမြတ်ငွေနဲ့မိခင်အတွက်ရော၊အလှူအတန်းတွေလုပ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။သူမရဲ့ဟိုးအရင်ဂေါ်ဇီလာကြော်ညာလေးကစပြီးယနေ့ချိန်ထိချစ်ခင်ပေးကြတဲ့ပရိတ်သတ်တွေကိုအထူးကျေးဇူးတင်ကြောင်းပြောပြထားပါတယ်၊သူမလုပ်တဲ့ဟင်းတွေမုန့်တွေကိုကောင်းလို့ဖြစ်စေ၊မပွင့်ကိုချစ်လို့ဖြစ်စေအားပေးကြတဲ့ချစ်ပရိတ်သတ်ကြီးလဲကျေးဇူးတင်ကြောင်းပြောပြလာခဲ့တာပဲဖစ်ပါတယ်၊မပွင့်ရဲ့အချက်အပြုတ်တွေကိုလဲသွားရောက်အားပေးလိုက်ကြပါဦးနော်။
Zawgyi
Credit