သားဖြစ်သူကွယ်လွန်တာ(၆)လပြည့်နေ့လေးမှာထူးဆန်းတဲ့အိမ်မက်တွေမက်တဲ့အကြောင်းပြောပြလာတဲ့အဆိုတော်ရေမွန်မိခင်
ရေမွန်မိခင်ကတွတ်ပီဆုံးသွားပြီးတဲ့နောက်အမေကအိပ်မက်တာနှစ်ကြိမ်ဘဲရှိသေးတယ်။တစ်ကြိမ်ကသူဆုံးတာ၃လပြည့်ဖို့တစ်ရက်အလိုသူ့ပါးကိုနမ်းနေတဲ့တက်တူးပုံလေးအိပ်မက်ထဲမှာဝမ်းသာအားရပြလိုက်တယ်။သူကတော့မျက်နှာမကောင်းဘူးနွမ်းဖတ်ဖတ်နဲ့အဝတ်အစားလဲဟိုမှာနေတုန်းဝတ်ခဲ့သလိုခပ်နွမ်းနွမ်းအမေကိုခေါင်းငြိမ့်ပြတယ်။ဒီနေ့သူ့ရဲ့သေခြင်းတရားရှိရာဆီတက်ရောက်သွားတာ၆လပြည့်ပြီ။
ဒီမနက်စောစောသူ့ကိုအိပ်မက်မက်တယ်။ဘောလုံးကွင်းလိုကွင်းပြင်ကြီးမှာသူ့ Show ပွဲချန်ခဲ့သီချင်းIntro တီးသံကြားတော့သူ့ဆီအပြေးသွားနံမည်အော်ခေါ်ပြီးဖက်ငိုတော့သူကအမေကိုပြန်ဖက်ထားတယ်မျက်နှာကလဲမှုန်ရီရီနဲ့Show ပွဲမို့ဝတ်ကောင်းစားလှနဲ့ပြီးတော့သူချန်ခဲ့စဆိုတော့သူ့ညီမနဲ့နောက်တစ်ယောက်ကဟာမိုနီလိုက်ပေးတာကြားနေရတယ်။
ကိုယ်လှည့်ထွက်ရင်းစဉ်းစားနေတာသူဆုံးသွားပြီးပြီသူဘယ်လိုလုပ်ပြီးလာဆိုတာလဲလို့မနက်နိုးတော့သူ့အကြောင်းတွေးရင်းအဖြစ်အပျက်တွေဟာအချိန်ပိုင်းရက်ပိုင်းမှာအလျင်အမြန်ပြောင်းလဲလိုက်တာများအချိန်တွေနောက်ပြန်လှည့်လို့ရရင်သိပ်ကောင်းမှာဘဲဒါမှမဟုတ်ဖြစ်ပျက်ခဲ့တာတွေ အိပ်မက်သာဖြစ်မယ်ဆို ယ်လောက်သာယာလိုက်မလဲလွမ်းလွန်းလို့ ထိမ်းချုပ်ထားတဲ့ကြားကဒီနေ့ ငိုမိလိုက်ပြီလေးလေးဘယ်ဆီရောက်နေပြီလဲအဆင်ရော ပြေရဲ့လားအမေ့ကိုရောသတိရသေးရဲ့လားဆိုပြီးရေမွန်အမေက ဝမ်းနည်းစွာပြောပြလာတာဘဲဖြစ်ပါတယ်။
Zawgyi Version
ေရမြန္မိခင္ကတြတ္ပီဆုံးသြားၿပီးတဲ့ေနာက္အေမကအိပ္မက္တာႏွစ္ႀကိမ္ဘဲရွိေသးတယ္။တစ္ႀကိမ္ကသူဆုံးတာ ၃လျပည့္ဖို႔တစ္ရက္အလိုသူ႕ပါးကိုနမ္းေနတဲ့တက္တူးပုံေလးအိပ္မက္ထဲမွာဝမ္းသာအားရျပလိုက္တယ္။သူကေတာ့မ်က္ႏွာမေကာင္းဘူးႏြမ္းဖတ္ဖတ္နဲ႕အဝတ္အစားလဲဟိုမွာေနတုန္းဝတ္ခဲ့သလို ခပ္ႏြမ္းႏြမ္းအေမကိုေခါင္းၿငိမ့္ျပတယ္။ဒီေန႕သူ႕ရဲ႕ေသျခင္းတရားရွိရာဆီတက္ေရာက္သြားတာ၆လျပည့္ၿပီ။
ဒီမနက္ေစာေစာ သူ႕ကိုအိပ္မက္မက္တယ္။ေဘာလုံးကြင္းလိုကြင္းျပင္ႀကီးမွာသူ႕ Show ပြဲခ်န္ခဲ့သီခ်င္းIntro တီးသံၾကားေတာ့သူ႕ဆီအေျပးသြားနံမည္ေအာ္ေခၚၿပီးဖက္ငိုေတာ့ သူကအေမကိုျပန္ဖက္ထားတယ္မ်က္ႏွာကလဲမႈန္ရီရီနဲ႕Show ပြဲမို႔ဝတ္ေကာင္းစားလွနဲ႕ၿပီးေတာ့သူခ်န္ခဲ့စဆိုေတာ့သူ႕ညီမနဲ႕ေနာက္တစ္ေယာက္ကဟာမိုနီလိုက္ေပးတာၾကားေနရတယ္။
ကိုယ္လွည့္ထြက္ရင္းစဥ္းစားေနတာသူဆုံးသြားၿပီးၿပီ.သူဘယ္လိုလုပ္ၿပီးလာဆိုတာလဲလို႔မနက္နိုးေတာ့သူ႕အေၾကာင္းေတြးရင္းအျဖစ္အပ်က္ေတြဟာ အခ်ိန္ပိုင္းရက္ပိုင္းမွာအလ်င္အျမန္ေျပာင္းလဲလိုက္တာမ်ားအခ်ိန္ေတြေနာက္ျပန္လွည့္လို႔ရရင္သိပ္ေကာင္းမွာဘဲဒါမွမဟုတ္ျဖစ္ပ်က္ခဲ့တာေတြ အိပ္မက္သာျဖစ္မယ္ဆို ယ္ေလာက္သာယာလိုက္မလဲလြမ္းလြန္းလို႔ ထိမ္းခ်ဳပ္ထားတဲ့ၾကားကဒီေန႕ ငိုမိလိုက္ၿပီေလးေလးဘယ္ဆီေရာက္ေနၿပီလဲအဆင္ေရာ ေျပရဲ႕လားအေမ့ကိုေရာသတိရေသးရဲ႕လားဆိုၿပီးေရမြန္အေမက ဝမ္းနည္းစြာေျပာျပလာတာဘဲျဖစ္ပါတယ္။
Credit