အလှူအတန်းတွေရာချီပြီးပြုလုပ်ခဲ့လို့ကံကောင်းမှု့တွေခံစားရကြောင်းပြောပြလာတဲ့ သရုပ်ဆောင်ပိုးကြာဖြူခင်
ချစ်ပရိတ်သတ်ကြီးရေ MRTV4ဇာတ်လမ်းတွဲတွေမှာနာမည်ကြီးနေတဲ့သရုပ်ဆောင်ပိုးကြာဖြူခင်ကိုသိကြမယ်ထင်ပါတယ်နော်၊ဇာတ်လမ်းတွဲတွေကနေတစ်ဆင့်အနုပညာလမ်းကိုလျှောက်လှမ်းလာတာမကြာသေးပေမယ့်အခုဆိုပရိတ်သတ်အများရဲ့အားပေးမှု့ကိုရရှိနေတဲ့သူတစ်ယောက်ပါ။သူမကသရုပ် ဆောင်တဲ့နေ ရာမှာလဲပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူပါ
အခုဆိုနိုင်ငံရေးအခြေအနေတွေကြောင့်အနုပညာအလုပ်တွေကိုရပ်နားထားရတာပဲဖစ်ပါတယ်၊သို့ပေမယ့် ပိုးကြာဖြူခင်ကပရိတ်သတ်တွေနဲ့အနီးမှာပဲရှိနေခဲ့ပါတယ်။သူမကOnlineShoppingစီးပွားရေးကိုလုပ် ကိုင်နေလို့သူမကိုsocialမှာအမြဲတွေ့နေရတာပဲဖစ်ပါတယ်၊ပိုးကြာဖြူခင်ကတော့စိတ်ထားလေးလှတဲ့သူပါပဲ၊အလုပ်တွေကြိုးစားရင်းယခုလတ်တလောမှာဘဝကိုခက်ခဲစွာရှုံးကန်နေတဲ့မိသားစုတွေအတွက်လိုအပ်တဲ့အထောက်အပံ့တွေကိုလှူဒါန်းပေးခဲ့တာတွေတွေ့ရပါတယ်၊
ပိုးကြာဖြူခင်ကတော့ယခုနှစ်အတွင်းမှာလှူဒါန်းမှု့တွေအများကြီးပြုလုပ်ခဲ့လို့ရှိတဲ့ပစ္စည်းလေးတောင်ချွတ်ခဲ့ရတယ်လို့သိရပါတယ်။သူမကတော့သူထက်ခက်ခဲနေတဲ့သူတွေအတွက်လှူဒါန်းရတာတကယ်ပီတိဖြစ်နေရတဲ့သူပါ၊Mediaတစ်ခုမှာလဲသူမပြုလုပ်ခဲ့တဲ့ကုသိုလ်အကျိုးတွေကြောင့်ကံကောင်းမှု့တွေခံစားရကြောင်းပြောပြထားပါတယ်။”ကျမနဲ့ရွယ်တူသူငယ် ချင်းတွေတစ်ချို့ကိုဗစ်ကြောင့်ဆုံးပါးသွားခဲ့ရပါတယ်၊ကျမကိုယ်တိုင်လဲကိုဗစ်ရောဂါကူးဆက်ခံလိုက်ရပေမယ့်ရောဂါဒဏ်ကိုအများကြီးမခံစားလိုက်ရဘဲရက်အနည်းငယ်ကြာပြန်နေကောင်းသွားခဲ့တာပါ၊ခုလိုကံကောင်းမှု့တွေကကျမပြုလုပ်ခဲ့တဲ့ကုသိုလ်တွေကြောင့်လို့ထင်ပါတယ်”ဆိုပြီးပြောပြလာခဲ့တာပါ၊ကောင်းတာလုပ်ရင်ကောင်းတာပဲဖြစ်တာအမှန်ပါပဲ၊ဖတ်ရှု့ခဲ့လို့ကျေးဇူးပါနော်။
Zawgyi
Credit