စိတ်ထားဖြူစင်ပြီးမြန်မာပြည်ရဲ့အောင်မြင်မှူအရှည်ကြာဆုံးမင်းသမီးအဖြစ်တင်စားရတဲ့အူဝဲအကြောင်းပြောပြလာတဲ့အမာခံပရိသတ်တစ်ဦး
ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်သလို လက်ရှိမှာဖမ်းခံထားရပေမယ့် နိုင်ငံတကာကပေးတဲ့ဆုတွေကိုရရှိခဲ့ပါသေးတယ်။ဒီနေ့မှာတော့အူဝဲရဲ့အမာခံပရိသတ်တဦးကအခုလိုပြောပြလာပါတယ်။
အိန္ဒြာကျော်ဇင်ဆိုတာ၊Fanတွေရဲ့စကားကိုနားယောင်ပြီးFanတွေဖောက်တဲ့လမ်းကိုလျှောက်လှမ်းနေတဲ့မင်းသမီးမဟုတ်ပါဘူး၊ကိုယ့်လမ်းကိုယ်ထွင်ပြီးလျှောက်ယုံကြည်မှုရှိရှိနဲ့ရိုးသားရဲဝံ့စွာလျှောက်လှမ်းနေတဲ့မင်းသမီး၊သူမလျှောက်တဲ့လမ်းနောက်မှာတက်ကြွစွာဝန်းရံနေတဲ့ပရိတ်သတ်များစွာကိုပိုင်ဆိုင်ထားတဲ့မင်းသမီး။
အိန္ဒြာကျော်ဇင်ဆိုတာ၊ခေတ်အခိုင်မာမထုနိုင်ဘူးလို့ မနာလိုသူတွေပြောခြင်းခံရတယ်သို့ပေမယ့်အိန္ဒြာကျော်ဇင်ဟာခေတ်အဆက်ဆက်တိမ်မြုပ်ပျောက်ကွယ်မသွားဘဲခေါင်းဆောင်မင်းသမီးနေရာကိုစဉ်ဆက်မပျက်နေရာယူထားဆဲဖြစ်တဲ့မြန်မာပြည်ရဲ့ရှားပါးမင်းသမီး။
အိန္ဒြာကျော်ဇင်ဟာ၊သိပ်လှတဲ့မင်းသမီးဖြစ်ချင်မှဖြစ်လိမ့်မည်၊အိန္ဒြာကျော်ဇင်ဟာစိတ်ထားလှတဲ့မင်းသမီးလို့သမုတ်ခံရတဲ့မင်းသမီး၊အိန္ဒြာကျော်ဇင်ဟာကျွန်မဖြူစင်ရိုးသားပါတယ်လို့ကိုယ်ရေးသွေးပြီးမပြောခဲ့ဖူးပေမယ့်သူမရဲ့ရိုးသားဖြူစင်ဖော်ရွေမှူကိုလုပ်ရပ်တွေနဲ့သက်သေပြခဲ့တဲ့မြန်မာပြည်ရဲ့ထိတ်ထိတ်ကြဲမင်းသမီး။
အိန္ဒြာကျော်ဇင်ဟာ၊စိတ်ဓာတ်မာကျောတယ်ထင်ရပေမယ့်FanGpSongလေးတစ်ပုဒ်ကြောင့်ရွှေမျက်ရည်ဝေကြခဲ့ဖူးတဲ့မြန်မာပြည်ရဲ့အောင်မြင်မှူအရှည်ကြာဆုံးမင်းသမီး၊အိန္ဒြာကျော်ဇင်ဟာ၊Fan တွေနဲ့Gpဖွဲ့ပြီးခွီတတ်တဲ့မင်းသမီးဖြစ်ချင်မှဖြစ်လိမ့်မည်၊အိန္ဒြာကျော်ဇင်ဟာ၊ကြုံရင်ကြုံသလိုFanတွေနဲ့ cmtမှာမာန်မာနမရှိအပြန်အလှန်နှောက်တတ်တဲ့ ချစ်စရာကောင်းလွန်းတဲ့မင်းသမီး။
အိန္ဒြာကျော်ဇင်အလှဟာ၊တော်ဝင်အလှဖြစ်ချင်မှဖြစ်လိမ့်မည်၊သူမနဲ့တွေ့ဖူးတဲ့သူတိုင်းဟာဘယ်တော့မှမရိုးနိုင်အောင်သူမအလှကိုထပ်ခါထပ်ခါမြင်တွေ့ချင်ခံရတဲ့မင်းသမီး၊အိန္ဒြာကျော်ဇင်ကိုနိုင်ငံခြားသားတွေကသိချင်မှသိလိမ့်မည်၊တွေ့ဖူးတဲ့နိူင်ငံခြားသားတွေဟာ၊WhoIsShe၊SheIsBeautiful လို့ချီးကျူးခြင်းခံရတဲ့မင်းသမီး၊အိန္ဒြာကျော်ဇင်ဟာထမင်းရည်ချောင်းစီးပြီးအလှူကြီးပေးချင်မှပေးလိမ့်မည်။
အိန္ဒြာကျော်ဇင်ဟာ၊ရဟန်းဒါယိကာမဖြစ်ဖူးပြီး ရောက်ရာအရက်မှာအလှူပြုတတ်သောသိင်္ဂသူ့သမီးလိုမင်းသမီး၊အိန္ဒြာကျော်ဇင်ဟာ၊ပဠာန်းစာအုပ်ကြီးလက်ကကိုင်ကြီးဘုရားဝတ်ပြုချင်မှပြုလိမ့်မည်၊အိန္ဒြာကျော်ဇင်ဆိုတာ၊သွားရာအရပ်စက်ပုတီးလေးကိုလက်ကြားညှပ်ပြီးတရားမှတ်တတ်သောမင်းသမီးဆိုပြီးရေးသားဖော်ပြထားပါတယ်၊
Credit