မွေးရာပါခြေထောက်လိမ်နေတဲ့ကလေးလေးကိုပျောက်ကင်းအောင်ကုသပေးဖို့ကူညီပေးနိုင်ခဲ့လို့ဝမ်းသာနေတဲ့ ဝေဠုကျော်
ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ဝေဠုကျော်ကတော့ပရဟိတအလုပ်တွေကိုအားသွန်ခွန်စိုက်လုပ်ကိုင်နေသူတစ်ယောက်ပါ။ဒီနေ့မှာတော့ဝေဠုကျော်ကမွေးရာပါခြေထောက်လိမ်နေတဲ့ကလေးလေးကိုပျောက်ကင်းလုနီးပါကုသပေးနိုင်ဖို့ကူညီလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။
ဝေဠုကျော်ကမွေးရာပါခြေထောက်လိမ် ခြေချောင်းပူးကပ်နေလို့ခွဲစိတ်သံကွင်းစွပ် ပြုပြင်ထားရတယ့်ကလေးပါ။အခုသံကွင်းဖြုတ်ပြီးကျောက်ပတ်တီး စည်း၊ကျောက်ပတ်တီးပြန်ဖြည်ပြီးအခုဒီအခြေအနေထိတိုးတက်ကောင်းမွန်လာပါပြီ။သားလေးကို ကရုဏာသက်ပြီးအလှူတော်တော်များများလှူပေးထားကြပါတယ်။
သားလေး ကုသလေ့ကျင့်နေချိန်တလျှောက်အထောက်အကူရအောင်အလှူငွေကို ခွဲပြီး လှူပေးလာခဲ့ပါတယ်။ ဒီနေ့ အလှူငွေ တစ်သိန်းကျပ်ကိုထပ်မံလွှဲလှူပေးလိုက်ပါတယ်။စုစုပေါင်း 3 630 000ရှိသွားပါပြီ။(အလှူငွေ ထပ်မလိုတော့ပါဖူး)သားလေးလည်းသိပ်မကြာခင် အနာဂတ်မှာလှပသောခြေလှမ်းများကိုပိုင်ဆိုင် လျှောက်လှမ်းနိူင်တော့မှာပါဆိုပြီးမျှဝေထားတာဘဲဖြစ်ပါတယ်။
Zawgyi version
ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့သ႐ုပ္ေဆာင္ေဝဠုေက်ာ္ကေတာ့ ပရဟိတအလုပ္ေတြကိုအားသြန္ခြန္စိုက္လုပ္ကိုင္ေနသူတစ္ေယာက္ပါ။ဒီေန႕မွာေတာ့ ေဝဠုေက်ာ္ကေမြးရာပါေျခေထာက္လိမ္ေနတဲ့ကေလးေလးကို ေပ်ာက္ကင္းလုနီးပါကုသေပးနိုင္ဖို႔ကူညီလႉဒါန္းေပးခဲ့တာဘဲျဖစ္ပါတယ္။
ေဝဠုေက်ာ္ကေမြးရာပါေျခေထာက္လိမ္ ေျခေခ်ာင္းပူးကပ္ေနလို႔ခြဲစိတ္သံကြင္းစြပ္ ျပဳျပင္ထားရတယ့္ကေလးပါ။အခုသံကြင္းျဖဳတ္ၿပီး ေက်ာက္ပတ္တီး စည္း၊ေက်ာက္ပတ္တီး ျပန္ျဖည္ၿပီးအခုဒီအေျခအေနထိတိုးတက္ေကာင္းမြန္လာပါၿပီ။သားေလးကို က႐ုဏာသက္ၿပီး အလႉေတာ္ေတာ္မ်ားမ်ား လႉေပးထားၾကပါတယ္။
သားေလး ကုသေလ့က်င့္ေနခ်ိန္တေလွ်ာက္အေထာက္အကူရေအာင္အလႉေငြကို ခြဲၿပီး လႉေပးလာခဲ့ပါတယ္။ ဒီေန႕ အလႉေငြ တစ္သိန္းက်ပ္ကိုထပ္မံလႊဲလႉေပးလိုက္ပါတယ္။စုစုေပါင္း 3 630 000/- ရွိသြားပါၿပီ။( အလႉေငြ ထပ္မလိုေတာ့ပါဖူး)သားေလးလည္းသိပ္မၾကာခင္ အနာဂတ္မွာလွပေသာေျခလွမ္းမ်ားကို ပိုင္ဆိုင္ ေလွ်ာက္လွမ္းနိူင္ေတာ့မွာပါဆိုၿပီးမွ်ေဝထားတာဘဲျဖစ္ပါတယ္။
Credit