Cele News

တောင်ဒဂုံမှာစွန့်ပစ်ခံထားရတဲ့ သမီးလေးကိုခေါ်ယူမွေးစားခဲ့ပြီး အသက်သေဆုံးမှုတွေရှိတာကြောင့်အလွယ်တကူမစွန့်ပစ်ဖို့ ပြောပြလာတဲ့ ခိုင်နှင်းဝေ

တောင်ဒဂုံမှာစွန့်ပစ်ခံထားရတဲ့သမီးလေးကိုခေါ်ယူမွေးစားခဲ့ပြီးအသက်သေဆုံးမှုတွေရှိတာကြောင့်အလွယ်တကူမစွန့်ပစ်ဖို့ပြောပြလာတဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ခိုင်နှင်းဝေကတော့စွန့်ပစ်ခံထားရတဲ့ကလေးတွေအတွက်မိဘရင်းသဖွယ်စောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ခိုင်နှင်းဝေကတောင်ဒဂုံမှာစွန့်ပစ်ခံထားရတဲ့သမီးလေးကိုခေါ်ယူမွေးခဲ့ပြီး အသက်သေဆုံးမှုတွေရှိတာကြောင့်အလွယ်တကူမစွန့်ပစ်ဖို့ပြောပြလာတာဘဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတောင်ဒဂုံဘက်မှာစွန့်ပစ်သွားတဲ့သမီးလေးကိုခေါ်ယူမွေးစားဖြစ်ပါတယ်ရှင်။ကလေးကမွေးထားတာ (၇)ရက်ဝန်းကျင်ခန့်လောက်ဖြစ်နိုင်ပြီးချက်ကြွေကာစလေးနဲ့အပူဖုများပေါက်ကာသွေးအညစ်အကြေးများလဲမသန့်စင်ထားသေးပါဘူးကောက်ရတဲ့အိမ်နား ပတ်ဝန်းကျင်မှနို့တိုက်ပေးပြီးသနပ်ခါးလိမ်းပေးထားပါတယ်။

ကလေးများကိုယခုလိုအကောင်းတိုင်းတွေ့နိုင်သလို မိုးမိ၊ခွေးဆွဲ၊ကြွက်ဆွဲကာအသက်သေဆုံးမှုများလဲရှိတာမို့အလွယ်တကူမစွန့်ပစ်ကြပါရန် မေတ္တာရပ်ခံချင်ပါတယ်အကုသိုလ်ကံတွေ မဖြစ်စေဘို့ဆင်ခြင်နိုင်ရန်အသိပေးတိုက်တွန်းချင်ပါတယ်ရှင်ဆိုပြီးမျှဝေထားတာဘဲဖြစ်ပါတယ်။

Zawgyi version




Credit