Cele News

မှားခဲ့တာအားလုံးအတွက် မေပန်းချီကို တောင်းပန်လိုက်တဲ့ သရုပ်ဆောင် ဘေဘီမောင်

မှားခဲ့တာအားလုံးအတွက်မေပန်းချီကိုတောင်းပန်လိုက်တဲ့သရုပ်ဆောင်ဘေဘီမောင်

မကြာသေးမီကဖြစ်ပွားခဲ့တဲ့သရုပ်ဆောင်မေပန်းချီကို စောင်းမြောင်းပြောဆိုခဲ့တဲ့ဘေဘီမောင်ကတော့ဒီနေ့မှာသူမှားတဲ့အကြောင်းတောင်းပန်လာတာဘဲဖြစ်ပါတယ်။ဘေဘီမောင်ကဒီစာဟာဖြေရှင်းတဲ့စာမဟုတ်သလိုအသနားခံစာလည်းမဟုတ်ရပါဘူး။ ဘေဘီလုပ်ခဲ့မိတဲ့အပြုအမူဟာသနားခံရဖို့မထိုက်တန်ပါဘူး။ဒီစာဟာ တောင်းပန်စာပါဆိုပြီးပြောပြထားပါတယ်။

ဒါအပြင်ဘေဘီမောင်ကဖြစ်ခဲ့သမျှအကြောင်းအရာအားလုံးကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင်အမှားတွေ အားလုံးဟာဘေဘီကြောင့်ပါပဲ။ ဒီအခြေအနေမှာ ဘေဘီ ဘယ်သူ့ကိုမှလည်းအပြစ်တင်ဖို့ စိတ်ကူးမရှိပါဘူး။ခုပြန်တွေးကြည့်တိုင်းဘုရားတရားတွေလုပ်ပြီး ငါဟာ တရားမရှိသေးပါလားလို့လည်း အသိတရားရပါတယ်။ ဘေဘီဟာလူမို့တစ်ခါတစ်ခါမနာလိုစိတ်ဖြစ်တတ်တာလည်း ဝန်ခံရပါမယ်။ ဒါပေမယ့်တခဏတာစောင်းကြွလာတဲ့အဲဒီစိတ်ကို မထိန်းလိုက်ဘဲ စိတ်လိုက်မာန်ပါနဲ့ပြောမိလုပ်မိလိုက်တာမှာ ဘေဘီ စမှားတော့တာပါပဲ။

ဒါအပြင်ဘေဘီမောင်ကတော့ပရိသတ်ကြီးကိုလည်းတောင်းပန်ထားပါသေးတယ်။ဘေဘီကိုချစ်ရက်နဲ့ဘေဘီအပြုအမူကြောင့် ဆက်မချစ်တော့ဘူး၊ ဆက်အားမပေးချင်တော့ဘူးဆိုတဲ့ commentတွေ တွေ့တိုင်း ငါ့အပြစ်နဲ့ငါခံရတာခံရမယ်လို့တွေးရင်းရင်တွေ အကြိမ်ကြိမ်ကွဲရပါတယ်ဆိုပြီးပြောပြလာတာဘဲဖြစ်ပါတယ်။

Zawgyi Version

မၾကာေသးမီက ျဖစ္ပြားခဲ့တဲ့ သ႐ုပ္ေဆာင္ေမပန္းခ်ီကို ေစာင္းေျမာင္းေျပာဆိုခဲ့တဲ့ ေဘဘီေမာင္ကေတာ့ ဒီေန႕မွာသူမွားတဲ့အေၾကာင္းေတာင္းပန္လာတာဘဲျဖစ္ပါတယ္။ေဘဘီေမာင္ကဒီစာဟာ ေျဖရွင္းတဲ့စာ မဟုတ္သလို အသနားခံစာလည္း မဟုတ္ရပါဘူး။ ေဘဘီလုပ္ခဲ့မိတဲ့ အျပဳအမူဟာ သနားခံရဖို႔ မထိုက္တန္ပါဘူး။ ဒီစာဟာ ေတာင္းပန္စာပါဆိုၿပီးေျပာျပထားပါတယ္။

ဒါအျပင္ေဘဘီေမာင္ကျဖစ္ခဲ့သမွ် အေၾကာင္းအရာ အားလုံးကို ျပန္သုံးသပ္ၾကည့္မယ္ဆိုရင္ အမွားေတြ အားလုံးဟာ ေဘဘီေၾကာင့္ပါပဲ။ ဒီအေျခအေနမွာ ေဘဘီ ဘယ္သူ႕ကိုမွလည္း အျပစ္တင္ဖို႔ စိတ္ကူးမရွိပါဘူး။ခုျပန္ေတြးၾကည့္တိုင္း ဘုရားတရားေတြလုပ္ၿပီး ငါဟာ တရားမရွိေသးပါလားလို႔လည္း အသိတရားရပါတယ္။ ေဘဘီဟာ လူမို႔ တစ္ခါတစ္ခါ မနာလိုစိတ္ျဖစ္တတ္တာလည္း ဝန္ခံရပါမယ္။ ဒါေပမယ့္ တခဏတာ ေစာင္းႂကြလာတဲ့ အဲဒီစိတ္ကို မထိန္းလိုက္ဘဲ စိတ္လိုက္မာန္ပါနဲ႕ ေျပာမိလုပ္မိလိုက္တာမွာ ေဘဘီ စမွားေတာ့တာပါပဲ။

ဒါအျပင္ေဘဘီေမာင္ကေတာ့ ပရိသတ္ႀကီးကိုလည္းေတာင္းပန္ထားပါေသးတယ္။ေဘဘီကိုခ်စ္ရက္နဲ႕ ေဘဘီအျပဳအမူေၾကာင့္ ဆက္မခ်စ္ေတာ့ဘူး၊ ဆက္အားမေပးခ်င္ေတာ့ဘူးဆိုတဲ့ commentေတြ ေတြ႕တိုင္း ငါ့အျပစ္နဲ႕ငါခံရတာခံရမယ္လို႔ ေတြးရင္း ရင္ေတြ အႀကိမ္ႀကိမ္ကြဲရပါတယ္ဆိုၿပီးေျပာျပလာတာဘဲျဖစ္ပါတယ္။

Credit