Cele News

ဒီနေ့မှာ ရုံးထုတ်ခဲ့တဲ့ သရုပ်ဆောင်ပိုင်တံခွန်နဲ့ ရဲတိုက်ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ ရှေ့နေတစ်ဦး

ဒီနေ့မှာရုံးထုတ်ခဲ့တဲ့သရုပ်ဆောင်ပိုင်တံခွန်နဲ့ရဲတိုက်ရဲ့ကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ရှေ့နေတစ်ဦး

ပြည်သူချစ်မင်းသားတွေဖြစ်တဲ့သရုပ်ဆောင်ပိုင်တံခွန်နဲ့ရဲတိုက်ကတော့မတရားမှုကိုလက်ပိုက်ကြည့်မနေဘဲအမှန်တရားဘက်ကရပ်တည်ပေးခဲ့တဲ့သူရဲကောင်းအနုပညာရှင်တွေပါ။လက်ရှိမှာပိုင်တံခွန်နဲ့ရဲတိုက်ကိုမတရားဖမ်းဆီးခံပြီးအင်းစိန်ထောင်ကိုပို့ခံထားရတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာသရုပ်ဆောင်ပိုင်တံခွန်ကိုရုံးထုတ်စစ်ဆေးဖို့ရာတရားလိုပြနယ်ထိန်းရဲအရာရှိပျက်ကွက်ခဲ့ခြင်းကြောင့်မစစ်ဆေးနိုင်ခဲ့ဘူးလို့သိရပါတယ်။ပြီးခဲ့သည့်ရက်ပိုင်းကပိုင်တံခွန်သည်အကျဉ်းထောင်အတွင်းရာသီတုပ်ကွေးရောဂါခံစားခဲ့ရပြီးလက်ရှိတွင်ပြန်လည် ကောင်းမွန်နေပြီဖြစ်ကြောင်းသိရသည်။

ဒါအပြင်ရဲတိုက်ကိုလည်းရုံးထုတ်စစ်ဆေးဖို့ရာသက်သေထွက်မည့်တပ်ကြပ်ဆိုင်ကယ်မတော်တဆဖြစ်၍အမှုမစစ်နိုင်ဘူးလို့ရှေ့နေကပြောပါတယ်။ရဲတိုက်၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍၎င်းကမနေ့ကထိတော့ကျန်းမာရေးကောင်းတယ်။ဒီနေ့တော့ချွေးထွက်လွန်ပြီးတော့ခေါင်းမူးနေလို့ဆေးတိုက်ရတယ်။ပြန်သွားတဲ့အချိန်တော့နည်းနည်းသက်သာတယ်။ကျနော်တို့ရုံးထုတ်တဲ့အခါမှာကိုဗစ်ကာကွယ်ရေးအတွက်PPEအပြည့်အစုံဝတ်ရတယ်။ဒီနေ့မှာနေကလည်းပူနေတော့ချွေးထွက်လွန်ပြီးခေါင်းမူးတာဟုပြောသည်။

Zawgyi version

ျပည္သူခ်စ္မင္းသားေတြျဖစ္တဲ့သ႐ုပ္ေဆာင္ပိုင္တံခြန္နဲ႕ရဲတိုက္ကေတာ့ မတရားမႈကိုလက္ပိုက္ၾကည့္မေနဘဲ အမွန္တရားဘက္ကရပ္တည္ေပးခဲ့တဲ့သူရဲေကာင္းအႏုပညာရွင္ေတြပါ။

ဒီေန႕မွာသ႐ုပ္ေဆာင္ပိုင္တံခြန္ကို႐ုံးထုတ္စစ္ေဆးဖို႔ရာတရားလိုျပနယ္ထိန္းရဲအရာရွိ ပ်က္ကြက္ခဲ့ျခင္းေၾကာင့္ မစစ္ေဆးနိုင္ခဲ့ဘူးလို႔သိရပါတယ္။ၿပီးခဲ့သည့္ ရက္ပိုင္းက ပိုင္တံခြန္သည္ အက်ဥ္းေထာင္အတြင္း ရာသီတုပ္ေကြးေရာဂါ ခံစားခဲ့ရၿပီး လက္ရွိတြင္ ျပန္လည္ ေကာင္းမြန္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။

ဒါအျပင္ရဲတိုက္ကိုလည္း႐ုံးထုတ္စစ္ေဆးဖို႔ရာသက္ေသထြက္မည့္တပ္ၾကပ္ဆိုင္ကယ္ မေတာ္တဆျဖစ္၍အမႈမစစ္နိုင္ဘူးလို႔ေရွ႕ေနကေျပာပါတယ္။ရဲတိုက္၏က်န္းမာေရးအေျခအေနႏွင့္ပတ္သက္၍၎ကမေန႕ကထိေတာ့ က်န္းမာေရးေကာင္းတယ္။ဒီေန႕ေတာ့ေခြၽးထြက္လြန္ၿပီးေတာ့ေခါင္းမူးေနလို႔ေဆးတိုက္ရတယ္။ ျပန္သြားတဲ့အခ်ိန္ေတာ့နည္းနည္းသက္သာတယ္။

Credit