ရင်သွေးငယ်လေးများရဲ့ဂေဟာအသစ်လေးဆောက်လုပ်ပြီးစီးတော့မှာဖြစ်လို့ ပီတိဖြစ်နေတဲ့မေမေခိုင်နှင်းဝေ
ကလေးတို့ရဲ့မေမေခိုင်နှင်းဝေကတော့ယခုချိန်မှာပီတိဖြစ်နေရပါတယ်၊သူမချစ်ရတဲ့သားသားမီးမီးလေတွေနေထိုင်ရန်အတွက် အိမ်လေးဆောက်ခဲ့တာခုဆိုအိမ်ရုပ်လူံးလေးတောင်ပေါ်နေပါပြီနော်၊သူမရဲ့အချိန်တွေကိုကလေးတွေဆီမှာအမြဲနှစ်မြှပ်ထားခဲ့တဲ့သူပါ။
စွန့်ပစ်ကလေးငယ်များကိုမိခင်မေတ္တာစိတ်အပြည့်နဲ့စောင့်ရှောက်ပေးနေတာပဲဖစ်ပါတယ်၊တစ်ချို့သူမထံရောက်ရှိလာခဲ့တဲ့ကလေးတစ်ချို့ကိုအသက်ကယ်မပေးနိုင်လို့အရမ်းစိတ်ထိခိုက်နေပါတယ်။လူ့ဘဝကိုခဏတာပဲရောက်ရှိခဲ့တဲ့ဘဝကံမကောင်းတဲ့ကလေးငယ်တွေအတွက်တကယ်စိတ်မကောင်းစရာပါပဲ။တစ်ချို့မိရင်းဖရင်းတွေကမိမိရင်သွေးငယ်ကိုဆိုးရွားစွာစွန့်ပြင့်ခဲ့ကြလို့ကလေးတစ်ချို့မသေသင့်ပဲသေခဲ့ရပါတယ်။
တစ်ချို့မိဘတွေကျလဲစားဖို့သောက်ဖို့တောင်မနပ်မှန်လို့သား သမီးရှေ့ရေးအတွက်မခိုင်နှင်းဝေဆီမှာလာရောက်ပေးခဲ့ပါတယ်။မခိုင်နှင်းဝေကတော့ဘယ်ကလေးကိုရယ်မှခွဲခြားမရှိဘဲညီတူစွာမေတ္တာထားခဲ့ပါတယ်။သူမကတစ်ဖက်ကလူထုအတွက်ပရဟိကလုပ်ငန်းတွေကိုလုပ်ကိုင်းရင်း၊သားသမီးတွေကိုလဲတဖက်ကဂရု စိုက်ပေးနေခဲ့တာပဲဖြစ်ပါတယ်။ယခုဆိုသားသမီးတွေကျယ်ကျ ယ်ဝန်းဝန်းနေနိုင်ဖို့အတွက်ဂေဟာသစ်လေးဆောက်လုပ်ပြီးစီးတော့မှာဖြစ်ပါတယ်။ရုပ်လုံးလေးပေါ်လာပြီဖြစ်တဲ့သားသားမီးမီးတို့ရဲ့နေစရာအိမ်လေးကိုကြည့်ရင်းမေမေခိုင်နှင်းဝေပီတိတွေဖြစ်နေရတာပဲဖစ်ပါတယ်နော်။သူမရဲ့ဂေဟာသစ်ကြီးကိုလဲခုလိုထုတ်ပြလာခဲ့ပါတယ်။
Zawgyi
Credit