Cele News

သမီးဖြစ်သူထရက်ရှာလေးနဲ့အတူပိုစ်ပေးပြီး ဘယ်သူပိုလှလဲလို့ကျီစယ်လိုက်တဲ့ မေမေစန္ဒီမြင့်လွင်

သမီးဖြစ်သူထရက်ရှာလေးနဲ့အတူပိုစ်ပေးပြီး ဘယ်သူပိုလှလဲလို့ကျီစယ်လိုက်တဲ့ မေမေစန္ဒီမြင့်လွင်

ချစ်ပရိတ်သတ်ကြီးရေအရမ်းချစ်ဖို့ကောင်းတဲ့ဒီးဒီးတို့မိသားစုလေးအကြောင်းကိုပြောပြချင်ပါတယ်နော်။အဆိုတော်တစ်ယောက်ဖြစ်တဲ့စန္ဒီမြင့်လွင် (ခေါ်)ဒီးဒီးကအောင်မြင်မှု့တွေပိုင်ဆိုင်ထားတဲ့အနုပ ညာရှင်တစ်ဦးပဲဖစ်ပါတယ်၊ဂီတပေါ်မှာလဲရူးသွပ်ခဲ့ပြီး၊သရုပ်ဆောင်အလုပ်ကိုလဲချစ်မြတ်နိုးသူလို့ဆိုရပါမယ်။မဒီးဒီးကတော့အနုပညာရှင်မျိုးရိုးထဲကဖြစ်လို့ အနုပညာသွေးပါတာလဲမဆန်းပါဘူးနော်

ယနေ့ချိန်ထိမဒီးဒီးကိုအားပေးကြတဲ့ပရိတ်သတ်တွေရှိနေဆဲပါပဲ၊အခုဆိုအိမ်ထောင်ကျပြီးလို့အရမ်းချစ်ဖို့ကောင်းတဲ့ထရက်ရှာဆိုတဲ့သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်နေပါပြီနော်၊ထရက်ရှာလေးကမွေးကင်းစကတဲကမေမေဒီးဒီးကသူရဲ့ပုံလေးတွေကိုသူမရဲ့ဆိုရှယ်မှာတင်ခဲ့ပါတယ်၊ဒီးဒီးလေးကဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုမွေးကင်းစလေးကတဲကပရိတ်သတ်တွေရဲ့အချစ်တွေကိုအများကြီးသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

မဒီးဒီးကတော့သူ့သမီးလေးချစ်ကြတဲ့ပရိတ်သတ်တွေအတွက်ထရက်ရှာလေးရဲ့ချစ်စဖွယ်လုပ်ဆောင်ချက်လေးတွေအမြဲတင်ပေးလေ့ရှိပါတယ်၊သားအမိနှစ်ယောက်အကျီလေးတွေဆင်တူဝတ်ပြီးပုံလေးတွေလဲတင်ပေးပါတယ်၊ရုပ်လေးတွေကဆင်တော့အ တော်လေးချစ်ဖို့ကောင်းတဲ့မေမေဒီးဒီးနဲ့ထရက်ရှာလေး။အခုလဲထရက်ရှာလေးနဲ့လမ်းတစ်နေရာမှာပိုစ်လေးတွေပေးရင်း”မေမေနဲ့ထရက်ရှာဘယ်သူပိုလှတာလဲမှန်မှန်ဖြေ”ဆိုပြီးကျီစယ်လိုက်ပါတယ်နော်။အလှချင်းပြိုင်ဘယ်သူနိုင်ဆိုတာထက်အရမ်းကိုချစ်ဖို့ကောင်း​နေကြပါတယ်။ပရိတ်သတ်ကြီးရောဘယ်သူပိုလှတယ်ထင်လဲနော်။

Zawgyi




Credit