Cele News

ဖခင်ကြီး ကွယ်လွန်တာ (၃) လပြည့်သည်အထိ ဘာမှမလုပ်ပေးနိုင်လို့ ဝမ်းနည်းရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ သရုပ်ဆောင် ထားထက်ထက်

ဖခင်ကြီးကွယ်လွန်တာ(၃)လပြည့်သည်အထိဘာမှမလုပ်ပေးနိုင်လို့ဝမ်းနည်းရတဲ့အကြောင်းရင်ဖွင့်လာတဲ့ သရုပ်ဆောင်ထားထက်ထက်

ပရိသတ်ကြီးရေသရုပ်ဆောင်ထားထက်ထက်ကတော့စစ်အာဏာရှင်ဆီမှာဒူးမထောက်ဘဲလွတ်မြောက်နယ်မြေကိုသွားရောက်ပြီးဆက်လက်တော်လှန်နေတာဘဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဖခင်ကြီးရဲ့နောက်ဆုံးခရီးကိုတောင်လိုက်ပါနှုက်ဆက်ခွင့်မရလိုက်ပါဘူး။ဒီနေ့နဲ့ဆိုထားထက်ထက်ရဲ့ဖခင်ကြီးကွယ်လွန်တာသုံးလပြည့်ပြီလည်းဖြစ်ပါတယ်။ထားထက်ထက်က ဖခင်ကြီးနဲပတ်သတ်ပြီးဘာမှမလုပ်ပေးနိုင်လို့အခုလိုဝမ်းနည်းစွာပြောပြလာပါတယ်။

ထားထက်ထက်က၃လတောင်ရှိပြီဖေဖေနေ့တိုင်းပဲပိုပိုသတိရမိတယ်။ဖေဖေဆုံးတုန်းကလဲသမီးဘာမှမတတ်နိုင်ဘာမှမလုပ်နိုင်ခဲ့ဘူး။၁လပြည့်တော့လဲဘာမှမလုပ်နိုင်၊၂လပြည့်လဲဘာမှမလုပ်နိုင်ခဲ့အခု ၃လပြည့်လဲသမီးဘာမှမလုပ်နိုင်ပြန်ဘူးဖေ၊မိသားစုဝင်တွေနဲ့ နီးစပ်ရာချစ်ခင်သူတွေရဲ့အဖေ့အတွက်ရည်စူးတဲ့အလှူတွေကိုပဲ အမျှဝေသာဓုခေါ်နိုင်ပါတယ်။

ဝမ်းနည်းရတယ်၊စိတ်တွေသိပ်ပင်ပန်းနွမ်းနယ်လာလေ ဖေ့ကို ပိုပိုသတိရလွမ်းမိလေပါပဲ၊သမီးလျှောက်နေရတဲ့ခရီးက နဲနဲရှည်တော့လမ်းမှာလဲကျတာတော့ခဏခဏပဲ၊ကိုယ်တိုင်ခြေချော်လဲလို့လဲကျတာနဲ့ ၊အခြားအရာတွေနဲ့ တိုက်မိလို့ ချော်လဲတာနဲ့၊လဲကျစေတဲ့အရာတွေနဲ့တွေ့လို့လဲကျရတာနဲ့မျိုးစုံပါပဲဖေရယ်။ဖေ့ရဲ့ဆုံးမစကားတခုကိုအမြဲမှတ်သားထားပါတယ်။အလုပ်တခုကိုမလုပ်ချင်ရင်အစကတည်းကဘာမှမလုပ်နဲ့။အေးလုပ်ပြီဆိုရင်တော့ဘာပဲဖြစ်ဖြစ်ဘယ်လိုအခက်အခဲပဲတွေ့တွေ့နောက်မဆုတ်နဲ့အကောင်းဆုံးနဲ့အဆုံးထိ လုပ်အလုပ်တိုင်းမှာအခက်အခဲဆိုတာရှိတာပဲအခက်အခဲတိုင်းကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှတကယ်အရည်အချင်းရှိသူဖြစ်မှာတဲ့သမီးကြိုးစားနိုင်တာထက်ပိုကြိုးစားနေပါတယ်။အတိုင်းမသိအောင်လွမ်းရပါတယ်ဖေရယ်။

Zawgyi Version




Credit