Cele News

မတရားဖမ်းဆီးခံရတာ ရက်ပေါင်း(၂၀၀)ပြည့်သွားပေမယ့် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတဲ့ သရုပ်ဆောင် ပိုင်တံခွန်

မတရားဖမ်းဆီးခံရတာရက်ပေါင်း(၂၀၀)ပြည့်သွားပေမယ့် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတဲ့သရုပ်ဆောင်ပိုင်တံခွန်

ပရိသတ်ကြီးရေသရုပ်ဆောင်ပိုင်တံခွန်ကတော့လူထုလှုပ်ရှားမှုကြီးမှာပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့ဖမ်းဝရမ်းထုတ်ခဲ့ပြီးနေအိမ်တွင်မတရားဖမ်းဆီးခံခဲ့ရတာဘဲဖြစ်ပါတယ်။

ဒီနေ့နဲ့ဆိုသရုပ်ဆောင်ပိုင်တံခွန်မတရားဖမ်းဆီးခံရတာရက်ပေါင်း(၂၀၀)ပြည့်သွားပြီလည်းဖြစ်ပါတယ်။သီတင်းကျွတ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတုန်းကပိုင်တံခွန်ပြန်လွတ်လာဖို့မျှော်လင့်ခဲ့ကြပေမယ့်ဒီနေ့အထိတိုင်ပြန်လွတ်လာခြင်းမရှိသေးပါဘူး။

ပြန်လွတ်လာသူတစ်ဦးရဲ့ပြောပြချက်အရပိုင်တံခွန်ကစိတ်ဓာတ်အနည်းငယ်ကျနေပြီး နေမကောင်းဘူးလို့လည်းသိရပါတယ်။ကိုပိုင်ရေအမြန်ဆုံးပြန်လွတ်ပါစေနော်။

Zawgyi Version




Credit