Cele News

တောထဲမှာ ရဲဘော်တွေအတွက် ဟင်းချက်နေရင်း အဆိပ်ပြင်း ပဒူကောင်အကိုက်ခံလိုက်ရတဲ့ ဒါရိုတ်တာကိုပေါက်

တောထဲမှာရဲဘော်တွေအတွက်ဟင်းချက်နေရင်းအဆိပ်ပြင်းပဒူကောင်အကိုက်ခံလိုက်ရတဲ့ဒါရိုတ်တာကိုပေါက်

ပရိသတ်ကြီးရေဒါရိုတ်တာကိုပေါက်ကတော့ တော်လှန်ရေးကြီးမှာလွတ်မြောက်နယ်မြေကနေကျရာတာဝန်တွေထမ်းဆောင်နေတဲ့သူတစ်ယောက်ပါ။ဒါအပြင်ကိုပေါက်ကတော်လှန်ရေးရဲဘော်တွေအတွက်လည်းစားသောက်ဖွယ်ရာတွေကိုချက်ပြုတ်ပေးနေတဲ့တောထဲကစားဖိုးမှုးကြီးကိုဖြစ်နေပါပြီ။

ဒီနေ့မှာတော့ဒါရိုတ်တာကိုပေါက်ရဲဘော်တွေအတွက်စားစရာတွေကိုချက်ပြုတ်နေတုန်းအသားစားအဆိပ်ပြင်းပဒူကောင်ကိုက်ခံလိုက်ရတာဘဲဖြစ်ပါတယ်။ကိုပေါက်ကလက်မှာပူကနဲရှိန်းကနဲ့ဖြစ်သွားပြီးလက်ကလှုပ်လို့မရတော့ဘူး။တဖြည်းဖြည်းအဆိပ်ကတံတောင်ဆစ်ရောက်လာတယ်တံတောင်ဆစ်ကနေ လက်မောင်းရင်းရောက်လာတယ်။

လက်တစ်ခုလုံးထုံကျင်လာပြီးဘယ်လိုမှနေလို့မရတော့ဘူး ဒါနဲ့ပဲ ဆေးထိုးဖို့ပြေးရတော့တယ် CDM ဆရာမတစ်ယောက်ကအဆိပ်ဖြေဆေးထိုးပေးလိုက်တော့မှသက်သာသွားတာပြန်လည်းရောက်ရောတစ်ကိုယ်လုံးချမ်းတုန်လာပြီး အဆိပ်အရှိန်ကြောင့်အဖျားကတက်လာတယ် လည်ချောင်းတွေခြောက်ပြီးရေဆာသလိုကြီးတစ်ညလုံးဖြစ်တာလက်ကအကိုက်တော့ကျသွားပေမယ့်တစ်ညလုံးဖျားတယ်ဒီမနက်တော့အတော်သက်သာသွားပါပြီဆိုပြီးပြောပြလာတာဘဲဖြစ်ပါတယ်။

Zawgyi version




Credit