Cele News

သတင်းမှားတွေပြန့်လာလို့ တစ်ချိန်က အဆိုတော်လင်းလင်းနဲ့ဖြစ်ခဲ့တဲ့ ရန်ပွဲအကြောင်း အဖြစ်မှန်ပြောပြလာတဲ့ အဆိုတော် နိုဗန်ထူး

သတင်းမှားတွေပြန့်လာလို့ တစ်ချိန်ကအဆိုတော်လင်းလင်းနဲ့ဖြစ်ခဲ့တဲ့ရန်ပွဲအကြောင်းအဖြစ်မှန်ပြောပြလာတဲ့ အဆိုတော် နိုဗန်ထူး

အဆိုတော်နိုဗန်ထူးကလူကအမှားနဲ့ မကင်းပါဘူး။အမှားကို ေတာင်းပန်မယ်ဆိုကျွန်တော့်ဖက်ကကျေအေးပေးဖို့အသင့်ပါ။ပြီးတော့ လူထုကိုလည်းမည်သူ့ကိုမျှ ပုဂိုလ်စွဲမျက်စိပိတ်အားပေးတာမျိုးကိုမလုပ်စေချင်ပါဘူး။2019 သင်္ကြန်ကိစ္စကိုပြန်လည်အစဖေါ်ပြီးစကားတွေချဲ့ကားပြောဆိုကြတာအဖြစ်မှန်တိုင်းမဟုတ်တာတွေပိုပျံ့လာတယ်။အခုကတော့အဲ့ဒီတုန်းက ဖြစ်ရပ်မှန်ကိုကျွန်တော်ပြောပါမယ်။ Happy new year လို့အော်ပြီးအနိုင်ကျင့်မခံရချိန်အထိကျွန်တော်တို့ကောကိုလင်းလင်းတို့ကောတူတူသောက်စားကြပျော်ပျော်ပါးပါးအားလုံးချစ်ချစ်ခင်ခင်နွေးနွေးထွေးထွေးပါဘဲ။

ပြသနာ အစက velocity က ညီငယ်ထွန်းသူက မင်းနဲ့ ငါအစချီပြီးပြောရာကဖြစ်တာပါ။ကျွန်တော့်အနေနဲ့မကြိုက်ကြောင်း ကောင်းမွန်စွာပြောပါတယ်။ နောက်တော့ ဂစ်တာသမားက သူ့ညီကို ပြောလို့ ထိုးမလား စိန်ခေါ်ပါတယ်။ ဒီကိစ္စကရန်ဖြစ်ရမယ့်ကိစ္စမဟုတ်ကြောင်း ပြောပြလိုက်ပါတယ်။ခဏကြာတော့ ကိုလင်းကစကားပြောချင်လို့ဆိုပြီးအခေါ်လွှတ်လို့ သူတို့ရှိတဲ့ ဝိုင်းမှာအဲ့ဒီကိစ္စကို ပြောဖို့သွားပါတယ်။ စကားပြောကြတဲ့အချိန်မှာ ကိုလင်းက သူ့ အဖွဲ့ ကညီငယ်ကို စော်ကားတယ်လို့ပဲမှတ်တယ်ထင်ပါတယ်။ စကားပြောနေရင်း ဆံပင်ကို ဆောင့်ဆွဲပီးထိုးပါတယ်။ သူကစတော့ ဘေးက သူ့အဖွဲ့ သားအချို့ကလည်း ဝိုင်းဝန်းကန်ကြောက်ကြပါတယ်။ အဲ့ဒီအချိန်မှာကျွန်တော်တစ်ယောက်တည်းကူကယ်ရာမဲ့ဖြစ်နေသလို အုပ်စုလိုက်ကြားထဲမှာတစ်ယောက်တည်းရောက်နေပြီးခံရတာဖြစ်ပါတယ်။

အုပ်စုလိုက် အထိုးခံရချိန်မှာ တချက်မှ လက်ညိုးနဲ့တောင် ပြန်မတိုက်ခိုက်လိုက်ပါဘူး။လူကြီးသူမ များအမြင်မှာကျွန်တော်ရိုင်းလို့ ဖြစ်တယ်ဆိုတာမျိုး အဖြစ်မခံချင်လို့ပါ။ အနုပညာရှင် စီနီယာ အချို့နဲ့ ကျွန်တော့်အကိုကြီးက ဝိုင်းဆွဲပေးထားကြပါတယ်။အကိုကြီးနဲ့ အနီးအနားမှာရှိတဲ့သူတွေက လွတ်ရာဆွဲခေါ်ပြီးနောက် တနေရာမှာထားပြီး အကိုကားပြန်အထွက်မှာလည်းမပြီးသေးဘူး။ ကျွန်တော်ပါမယ်အထင်နဲ့ ကားကိုတားပြီး ရိုက်တာ ကားရှေ့မှန်ကွဲအက်တဲ့အပြင် ကားလည်း ရစရာမရှိအောင် စုတ်ပြတ်သွားတယ်။ဒါနဲ့လည်းမပြီးပါဘူး။

နောက်တနာရီလောက်ကျတော့လည်းဖုန်းဆက်ပြီး စောက်ခြောက်မင်းအိမ်ဘယ်မှာလည်း မအေx’စသဖြင့် အစချီပြီး ထပ်ရမ်းပါသေးတယ်။ အဲ့ဒီအချိန်အထိကျွန်တော်ကတော့ ကောင်းကောင်းမွန်မွန်ဘဲတုံ့ပြန်ပါတယ်။တကယ်တော့ပြသနာအစကလူငယ်ချင်းဖြစ်တဲ့ကိစ္စပါ။သူ့ညီတွေကိုထိလို့မခံနိုင်ရင်ကျွန်တော့်ကိုတခြားနည်းလမ်းတွေနဲ့အကြီးပီပီဆုံးမခွင့်ရှိပါတယ်။ ထားပါ ဒါက။

နောက်နေ့ကျွန်တော့်သူငယ်ချင်း Paing Mhuကို ကိုလင်းက နိုဗန့်ဖုန်းနံပါတ်လှမ်းတောင်းတယ်ဆိုတော့ကျွန်တော်ထင်တာကကိုလင်း အမှန်ကိုသိပြီးအရင်နေ့ကကိစ္စအတွက် ပြေပြေလည်လည်ပြောမယ်လို့ပဲ တွေးတာပါ။ ဒါပေမယ့် ဖုန်းမဆက်လာပါဘူး။ အဲ့ဒီမှာ အကိုလတ်က အုပ်စုလိုက်ဝိုင်းအနိုင်ကျင့်တဲ့ကိစ္စကိုမေးဖို့ သူ့ဆီဖုန်းဆက်ပါတယ်။ နိုဗန်ထူးအကိုဆိုတာသိတာနဲ့ ဖုန်းချပစ်တယ်။ဒါတွေပြီးတော့ ကိုလင်းက Friend Only နဲ့ post တခုတင်ပါတယ်။သူရေးတဲ့အထဲမှာသူ့လူမှန်တယ်ယူဆလို့ ယောကျာ်းချင်း ဆိုင်ထိုးတယ်။ နောက်နေ့အထိ ဝမ်းဝမ်းထိုးဖို့ ကြိုးစားတယ်။ ကျွန်တော့်မိသားစုက လိုက်ညှိနိုင်းလို့ လျှော်လိုက်တယ်။ ကျွန်တော့်ကို စောက်ချိုးပြေဖို့ မျှော်လင့်တယ်” စတာတွေပါတယ်။ တကယ်တော့ အဲ့ဒီအရေးအသားအချက်အလက်အမှားတွေထည့်ရေးပြီးပြောတဲ့ပို့စ်သပ်သပ်ပါ။ တဖက်စောင်းနင်း မတရားသဖြင့် ရေးတာတွေ့တော့ကျွန်တော်တော်တော်အံ့ဩရတယ်။သူပြောသလိုဘယ်မိသားစုဝင်တစ်ဦးတစ်ယောက်ကမှလည်းမညှိနှိုင်းပါဘူး။သူနဲ့စကားဝိုင်းထဲမှာပြောကတည်းကလည်း ကျွန်တော် မကျုးလွန်ခဲ့တဲ့ အမှားတစ်ခုကို ကောင်းမွန်စွာ ရှင်းပြတယ်။မူးနေကြလို့အုပ်စုနဲ့ထိုးတာကိုလည်းတချက်မှပြန်တိုက်ခိုက်တာမျိုးမလုပ်ပဲ အပြစ်မတင်တဲ့အပြင် နောက်နေ့အမူးပြေပြီး ပြေပြေလည်လည် ဖြစ်မယ်ပဲထင်ထားခဲ့တာ။

ကိုလင်းအရေးအသားမှာ ကျွန်တော့်မိသားစုပါ ကြောက်လန့်ပြီးတောင်းပန်တဲ့ ပုံစံမျိုး ရေးတာမျိုးကိုတော့ ရှုံချပါတယ်။ 2019 ကာလမှာလည်း The Voice Myanmar ပြိုင်ပွဲအတွက်အာရုံစိုက်စရာတကြောင်းနာမည်ကြီး​ေတာ့အ​များညီဤကို ကျွဲဖြစ်ကြမည်ကတကြောင်းကြောင့်ကျွန်တော့်မှာ အနိူင်ကျင့်မူကြီးကို သိလျက်နဲ့ခံခဲ့တယ်။ ဒါကအနိုင်ကျင့်မှုသပ်သပ်ပါ။ ပြီးတော့ဒါက တကယ့် အဖြစ်မှန်ပါ။ ဒီပို့စ်ထဲမှာပြောတဲ့ စကားလုံးတိုင်းကို အပြည့်အဝတာဝန်ယူပါတယ်။

ကိုလင်းရေးသားတဲ့ စောက်ချိုးမပြေလို့ဆိုတဲ့ လူတွေထင်နေကြတဲ့ အတိတ်ရဲ့အရိပ်တွေကိုဖယ်ချဖို့လည်းကျွန်တော့်အနေနဲ့လိုအပ်ပါတယ်။ကျွန်တော်ကိုယ်တိုင်ကပေါင်းသင်းဆက်ဆံရေးမှာလည်းညံဖျင်းတဲ့အထဲမှာမပါပါဘူး။နီးစပ်သူများမေးကြည့်ပါ။ရည်ရွယ်ချက်ကတော့ ပြသနာတစ်ခုကိုအထာကျကျအကောင်းဆုံးနည်းလမ်းနဲ့ချည်းကပ်ဖြေရှင်းနိုင်ဖို့ပါ။

ကျွန်တော်နဲ့ Velocity ကညီငယ်နဲ့ပြောတဲ့အသံဖိုင်ကောကျွန်တော် ကိုလင်းကို messengerက ပို့တဲ့ စာတွေကော(Bd wish တောင်လုပ်လိုက်သေးတယ်)ကြောက်ပြီးပတ်ပြေးတယ်လို့ရေးတဲ့ Status နဲ့ဆန့်ကျင်ဖက်ဖြစ်နေတဲ့ကိုနေဝါနဲ့ပြောတဲ့ အသံဖိုင်ကောဖုန်းထဲအပြင် HDD နဲ့ပါ သိမ်းထားပါတယ်။သူ့ဖက်ကငြင်းဆိုမူ လိမ်လည်တာမျိုးရှိလျှင်လိုအပ်ပါကချပြပေးပါမယ်။

ကိုလင်းလင်းဘက်ကမရှင်းဘဲထားတော့လည်း
မတတ်နိုင်ပါဘူး။အာဏာသိမ်းထားချိန်မို့လို့
မရှင်းသေးတာလို့လည်းမှတ်ယူထားပါတယ်။အုပ်စုဖွဲ့မိုက်ခြင်းတာရှက်စရာမှားပြီးတောင်းပန်တာ ရှက်စရာမဟုတ်ကြောင်းတော့စကားမှာလိုက်ချင်ပါတယ်။ကျွန်တော့်အတွက်ကတော့ဒီပို့စ်ကအမှန်တရားကိုလည်းအားလုံးသိဖို့လည်း လိုအပ်တဲ့အပြင်အမှန်တရားအတွက်ရင်ဆိုင်ဖို့အတွက်အမြဲ အဆင်သင့်ဖြစ်နေတာကိုပြသခြင်းသက်သက်ဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဆက်မသယ်သွားချင်တော့ဘဲလွှတ်ချလိုက်ချင်ပါပြီ။စောက်​ကြောက်လို့တဖက်ပိတ်ခေါင်းစဉ်တတ်ချင်သူတွေကိုတော့အခု​ေတာ်လှန်ရေးကလုပ်ရပ်တွေကို ကြည့်ပါ။တော်လှန်ရေးပြီးရင်အပျော်တမ်းကြိုးဝိုင်းမှာ ချစ်ကြည်ရေးအနေနဲ့ထိုးချင်လည်းဖိတ်ခေါ်ပါတယ်။)

ကာယကံရှင်ဖြေရှင်းချက်ကလွဲရင်ငြင်းဖို့် အချိန်မပေးပါဘူး။ ကျွန်တော်တို့အချင်းချင်းဒီကိစ္စလောက်နဲ့လည်းတော်လှန်ရေးကိုထိခိုက်ရလောက်အောင်သွေးကွဲတာမျိုးတော့မဖြစ်ပါဘူး။အေးဆေးပါ ။ထပ်မှာချင်တာကကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ငါနဲ့မတူငါ့ရန်သူ၊ငါ့ဘက်ကသူသာအမှန်အယူအဆကိုရိုက်ချိုးပြီးတရားမျှတမူကိုရပ်တည်မှသာသံသရာကလွှတ်မှာပါ။ပြောစရာ ရှိတာပြောပြီးရင်ဖက်ဆစ်တပ်ကိုတော်လှန်ဖို့အားဆက်မွေးနေကြရုံပါပဲ ။

(စာကြွင်းကျွန်တော်ကိုယ်တိုင်လည်းဒီကိစ္စကိုအစာမကြေတာ သူ Status စရေးတဲ့နေ့ကတည်းကပါ။ ကျွန်တော် ဒီအနိင်ကျင့်မူနဲ့ပက်သက်လို့ စိတ်ပိုင်းဆိုင်ရာ နာကျည်း ပင်ပန်းတာကိုလည်း ဝန်ခံပါတယ်။တခါတလေကျ အဲဒီ့စိတ်ကြောင့်ဘဲ စိတ်ဆန္ဒအလုိလိုက် လိုရာဆွဲတွေးပြီးလူမျိုးရေးခွဲခြားတဲ့ (ရှေးကတိုက်ပွဲ)မွန် မြန်မာပိုစ့် တစ်ခု Share မိပါတယ်။အဲ့ဒီ postအတွက်ကျွန်တော်မှားတာကို အားလုံးရှေ့မှာ ဝန်ချတောင်းပန်ပါတယ် )

Credit