မွေးရာပါမိန်းမအင်္ဂါမပါတဲ့သမီးလေး (၂)ယောက်ကိုလိုအပ်တာတွေစစ်ဆေးပြီးပြုစုစောင့်ရှောက်သွားမယ့်မေမေခိုင်နှင်းဝေ
ပရိသတ်ကြီးရေသရုပ်ဆောင်ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကိုဘဲနေ့မအားညမနားလုပ်ကိုင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
ဒါအပြင်ခိုင်နှင်းဝေကစွန့်ပစ်ခံထားရတဲ့မိဘမဲ့ကလေးတွေကိုလည်းပြုစုစောင့်ရှောက်ပေးထားယုံမကကလေးတွေရဲ့အနာဂတ်အတွက်များစွာအထောက်အကူပြုနိုင်အောင်လုပ်ပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့မေမေခိုင်နှင်းဝေကမွေးရာပါမိန်းမအင်္ဂါမပါတဲ့သမီးလေး(၂)ယောက်ကိုပြုစုစောင့်ရှောက်ပေးမယ့်အကြောင်းအခုလိုပြောပြလာပါတယ်။
မေမေခိုင်နှင်းဝေကမွေးလမ်းကြောင်းမိန်းမအင်္ဂါမပါတဲ့သမီးလေး (၂)ယောက်ကိုစစ်ဆေးတွေ့ရှိလို့လိုအပ်တာများ လုပ်ဆောင်ပေးထားပါတယ်။ကျမကလေးတွေကိုအမြဲတမ်းစမ်းသပ်ခမယူပဲလိုအပ်တာများလုပ်ဆောင်ပေးပါသောပါရမီအထူးကုဆေးရုံကြီးမှကလေးအထူးကုပါရဂူဒေါက်တာ ဒေါ်ခင်ခင်ထားကိုလဲကျေးဇူးအများကြီးတင်ပါတယ်ရှင်။သမီးလေးတွေနဲနဲတော့အီစိမ့်နေပေမဲ့အခုတော့ အဆင်ပြေသွားပါပြီရှင်ဆိုပြီးမျှဝေထားတာဖြစ်ပါတယ်။
Zawgyi version
Credit