Cele News

ဒီနေ့အချိန်ထိ မိသားစုနဲ့တွေ့ခွင့်မရသေးတဲ့ အင်းစိန်ထောင်ထဲက သရုပ်ဆောင်ရဲတိုက်အကြောင်းပြောပြလာတဲ့ မိတ်ဆွေတစ်ဦး

ဒီနေ့အချိန်ထိ မိသားစုနဲ့တွေ့ခွင့်မရသေးတဲ့ အင်းစိန်ထောင်ထဲက သရုပ်ဆောင်ရဲတိုက်အကြောင်းပြောပြလာတဲ့ မိတ်ဆွေတစ်ဦး

ပရိသတ်ကြီးသရုပ်ဆောင်ရဲတိုက်ကတော့ စစ်အာဏာရှင်ကိုဆန့်ကျင်ပြီးပြည်သူတွေဘက်ကရပ်တည်ရဲတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။သရုပ်ဆောင်ရဲတိုင်ကိုပုဒ်မ၅၀၅ကနဲ့ဖမ်းဝရမ်းထုတ်ထားခြင်းမရှိဘဲမတရားဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာတော့သရုပ်ဆောင်ရဲတိုက်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးက အင်းစိန်ထောင်ထဲကရဲတိုက်အကြောင်းကိုအခုလိုပြောပြလာပါတယ်။ရဲတိုက်ကိုချစ်ခင်ကြတဲ့အနုပညာပရိတ်သတ်များကိုသတင်းစကားပါးချင်ပါတယ်။ရဲတိုက်ဟာ အင်းစိန်ထောင်အတွင်းမှာကျန်းမာရေးကောင်းမွန်လျက်ရှိပါကြောင်းအသိပေးအပ်ပါသည်။ပုဒ်မ – ၅၀၅(က)နှင့်၁၆ (ဂ)တို့နဲ့ထောင်တွင်းတရားရုံးမှာစစ်ဆေးစီရင်ခံရလျက်ရှိပါသည်။

ထောင်သို့ပို့ဆောင်သည့်နေ့မှ ယနေ့တိုင်မိသားစုနှင့်တွေ့ဆုံမြင်တွေ့ခွင့်မရရှိပါ။ထောင်မှလွတ်မြောက်ခြင်းမရှိသေးပါလို့သရုပ်ဆောင်ရဲတိုက်နဲ့အတူလက်တွဲခဲ့တဲ့ ဆာတိုရီရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင်ကိုမျိုးဇော်ကသူရဲ့ လူမှုကွန်ယက်ပေါ် မှာတင်ရှိပြီးပရိသတ်ကို အသိပေးခဲ့တာပါ။

Zawgyi Version




Credit