“ကျနော်ခန္ဓာကသာသူတို့နားကခွာခဲ့ရပေမယ့် သူတို့က စိတ်ရောကိုယ်ပါစွန့်ပစ်ဖယ်ခွာသွားကြတယ်”ဆိုပြီးရင်ဖွင့်ပြောဆိုလာတဲ့ သတင်းကြေညာသူကျော်သက်လင်း
ပရိတ်သတ်ကြီးရေအမိနိုင်ငံခုလိုနိုင်ငံအရေးကြုံလာချိန်မှာတစ်ချို့လူတွေကကိုယ်ကျိုးစွန့်ပြီးကူညီကြတယ်၊တစ်ချို့ကတော့မသိသလိုမဆိုင်သလိုသွေဖယ်နေခဲ့ကြတယ်။စစ်ကောင်စီအာဏာသိမ်းပြီးကာလမှာပြည်သူအများစုစိတ်ဒုက္ခရောက်ခဲ့ရတာပဲဖြစ်ပါနော်။နိုင်ငံရေးမတည်ငြိမ်တာကြောင့်အလုပ်အကိုင်စီးပွား ရေးတွေကျဆင်းလာခဲ့ကြပါတယ်။ဋ္ဌာနအသီးသီးမှဝန်ထမ်းတစ်ချို့တွေဆန္ဒထုတ်ဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။
အားလူံးသိကြတဲ့MRTVသတင်းကြော်ညာသူကိုကျော်သက်လင်းကလဲမတရားမှု့ကိုဆန့်ကျင်တဲ့ပြည်သူတွေထဲကတစ်ယောက်ပါပဲနော်။သူကသတင်းကြော်ညာဌာနမှပထမဦးဆုံးCDMပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ခုဆိုသူကလွတ်မြောက်နယ်မြေသို့ရောက်ရှိနေပြီးတာဝန်ထမ်းဆောင်နေပါပြီ။သူရဲ့ရပ်တည်ချက်တစ်ခုကြောင့်သူ့ဘေးနားမှာရှိတဲ့လူတွေရဲ့အဝေးကိုထွက်ခဲ့ရပါတယ်။ခုလိုအဝေးမှာရော က်ရှိနေတဲ့သူ့စိတ်ခံစားချက်တွေနဲ့တစ်ချို့ပြောင်းလဲသွားတဲ့သူတွေကြောင့်ယခုလိုရင်ဖွင့်လာခဲ့ပါတယ်။
“သတ္တဝါတိုင်းဟာဘယ်လောက်ပဲသေးငယ်တဲ့အကောင်လေးတွေပဲဖြစ်ဖြစ်ကိုယ့်ကိုအန္တရာယ်ပေးလာရင်(ဥပမာ)ခြင်လေးယင်လေးတကောင်ကိုလွယ်လွယ်ဖမ်းလို့သတ်လို့မရပါဘူး။ရိုက်ဖို့ချိန်လိုက်တာနဲ့ပျံသန်းလွတ် မြောက်သွားတာများတာပါပဲ။ကျနော်တို့လည်း လွတ်မြောက်ဖို့အတွက်တစ်နေရာကိုစွန့်ခွါရပါတယ်။စွန့်ချင်ခွါချင်လို့တော့ဘယ်ဟုတ်ပါ့မလည်း။ဒါပေမယ့်ကိုယ်ကအန္တရာယ်ကြောင့်စွန့်ခွာရတဲ့အခါမြို့ပြကလူတွေကလည်းသူတို့ရပ်တည်မှုကိုထိခိုက်လာမှာကြောင့်ကျနော့်ကိုပြန်ခွာလာကြတယ်။ကျနော်ခန္ဓာကသာသူတို့နားကခွာခဲ့ရပေမယ့်သူတို့ကစိတ်ရောကိုယ်ပါစွန့်ပစ်ဖယ်ခွာသွားကြတဲ့အခါ”ဆိုပြီးရေးသားလာခဲ့ပါတယ်။အများအကျိုးအတွက်ဆောင်ရွက်ပေးရတာကထင်သလောက်မလွယ်ကူပါဘူးနော်။ပရိတ်သတ်ကြီးရေကိုကျော်သက်လေးအတွက်အားပေးစကားလေးပြောပေးသွားကြပါဦးနော်။
Zawgyi
Credit