သမီးလေးရဲ့ (၁၉)နှစ်ပြည့်မွေးနေ့လေးမှာ သူမဖြစ်စေချင်တဲ့ဆန္ဒတွေနဲ့အတူ ထူးထူးခြားခြားဆုတောင်းပေးခဲ့တဲ့သရုပ်ဆောင်ခိုင်သင်းကြည်
ပရိသတ်ကြီးရေသရုပ်ဆောင်ခိုင်သင်းကြည်ကတော့အနုပညာနယ်ပယ်မှာစွယ်စုံရမင်းသားတစ်လက်ဖြစ်ပြီးအောင်မြင်မှုတွေလည်းပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ဒါအပြင်ခိုင်သင်းကြည်က ချစ်စရာသမီးလေးနဲ့အတူပျော်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါသေးတယ်။
ဒီနေ့မှာတော့ သမီးလေးရဲ့ (၁၉)နှစ်ပြည့်မွေးနေ့လေးမှာ ဆုတောင်းပေးရင်း သမီးလေးနဲ့အမှတ်တရတွေကိုအခုလိုပြောပြလာပါတယ်။ခိုင်သင်းကြည်က Happy Birthday မေမေ့ချစ်သဲလေးရေ၁၉နှစ်တောင်ရှိသွားပေမဲ့သဲလေးကိုလူ့လောကထဲစပြီးခေါ်လာခဲ့တဲ့နေ့ကမနေ့တနေ့ကလိုပါဘဲမေမေ့တို့ဆီလာချင်လွန်းလို့ချက်ချင်းရပြီးစောမွေးခဲ့ရတာနေမှာ
မွေးနေ့ကစပြီးစိတ်ချမ်းသာပြီးကိုယ်ကျန်းမာပါစေ။ဘုရားတရားသံဃာမိဘဆရာတွေရဲ့ဂုဏ်ကျေးဇူးကိုအမြဲသိနားလည်ကိုးကွယ်နိုင်ပါစေ။မေမေလည်းသဲလေးကိုခလေးတယောက်လိုအချစ်လွန်ပြီးအမြဲလိုက်ပြီးစိတ်ပူနေတက်တာတွေလျှော့ပါ့မယ်။အရမ်းချစ်တယ်သဲလေးရေဆိုပြီးပြောပြလာတာဖြစ်ပါတယ်။
Zawgyi version
Credit