Cele News

မကြာသေးမီက ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူကို လွမ်းတဲ့အကြောင်း ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ သရုပ်ဆောင်ပြေတီဦးရဲ့ အမ

မကြာသေးမီကကွယ်လွန်သွားတဲ့ခင်ပွန်းဖြစ်သူကိုလွမ်းတဲ့အကြောင်းဝမ်းနည်းစွာရင်ဖွင့်လာတဲ့သရုပ်ဆောင်ပြေတီဦးရဲ့အမ

ပရိသတ်ကြီးရေသရုပ်ဆောင်ပြေတီဦးရဲ့အမဖြစ်သူကတော့မကြာသေးမီကခင်ပွန်းဖြစ်သူကိုဆုံးရှုံးထားရတာဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူတဲ့ပတ်သတ်ပြီးသူမရဲ့ခံစားချက်တွေကိုအခူလိုရင်ဖွင့်လာပါတယ်။လွမ်းပီးခံစားကျန်ရစ်ခဲ့မှာကိုမမြင်ရက်တော့လောက်အောင်သူ့ကိုအရင်ပေးသွားချင်မိခဲ့တဲ့ကိုယ်ကပိုချစ်ခဲ့တာလား၊ကိုယ်ဝေဒနာခံစားရမှာမဖြစ်စေချင်လို့သူတစ်ယောက်ပဲနာကြဉ်နေတဲ့ကြားက ကျေနပ်တယ်ပျော်တယ်ဆ်ိုတဲ့သူကပိုချစ်ခဲ့တာလား။

တစ်ချို့သူတွေလဲကျွန်မလိုပဲတွေးမိကြမှာပါ၊အရင်ထွက်သွားခွင့်ရတဲ့သူကကိုယ်ပဲဖြစ်ချင်တယ်ဆိုတာမျိုး၊ကျွန်မလေကျန်ခဲ့ရမှာကိုသေမှာထက်သိပ်ကြောက်တာ၊အရင်သေသွားတာကိုယ်ပဲဖြစ်ခွင့်ရချင်တာ၊ဒါပေမယ့်ဆေးရုံပတ်လမ်းမှာလမ်းလျှောက်နေရင်းရုတ်တရက်ခံစားချက်တစ်ခုဝင်လာတယ်။

ကျန်ခဲ့ရတဲ့နာကြဉ်မှုကိုသူ့ကိုမခံစားစေချင်တော့ပဲလွတ်မြောက်ငြိမ်းအေးသွားတာသူဖြစ်လဲကောင်းတာပါပဲလေဆိုတဲ့ခံစားချက်၊ကျန်ခဲ့ရင် အစစအရာရာအဆင်မပြေမှာစိုးတဲ့အထိစိတ်မချတဲ့ခံစားချက်၊ချန်ထားရစ်ခံရမယ့်နေရာကိုရင်နာနာနဲ့ ကြည်ဖြူစွာခံယူလိုက်ချင်တဲ့ခံစားချက်။

ကိုယ်သိပ်ကြောက်တဲ့ကျန်ခဲ့ရမယ့်ဝေဒနာကိုသူမခံစားရပါစေနဲ့ဆိုတဲ့စိတ်ကရုတ်တရက်ဝင်လာတာ၊အတ္တကိုခွာချမှမြင်ရမယ့်မေတ္တာနဲ့နွယ်တဲ့အချစ်မျိုးကိုရုတ်တရက်ခံစားခဲ့ရတယ်၊နာကြဉ်မှုတွေကနေသူလွတ်မြောက်သွားပါစေ၊ဒီ့ထက်ပိုအေးချမ်းမယ့်ဘဝမှာပိုပီးကျန်းမာသန်စွမ်းမယ့်ခန္ဓာကိုယ်နဲ့အသစ်တဖန်ပြန်စနိုင်ပါစေ။

ကိုယ့်ထက်ပိုချစ်နိုင်မယ့်သူနဲ့ဆုံပါစေ၊ပိုချစ်တဲ့သူကိုယ်ဖြစ်မယ်လို့ထင်ခဲ့တာမှားသွားမှန်းအရာရာနောက်ကျပြီးမှသိခဲ့ရတယ်၊ကိုကပိုချစ်တာလို့သူအမြဲပြောတုန်းကကိုယ်ကသိပ်မယုံခဲ့မိဘူး၊ကိုယ်နဲ့သူနဲ့ အကြောင်းသိခဲ့သူတွေအထူးသဖြင့်အမေပေါ့လေ၊သူကသမီးကိုပိုချစ်တာတဲ့။

သူငယ်ချင်းတွေကငွေတီရယ်၊သူပိုချစ်တာငါတို့တောင်သိတယ်တဲ့၊သူတို့ပြောမှတဖြေးဖြေးလက်ခံလာတယ်၊နိုဝင်ဘာကိုနှုတ်ဆက်ရတော့မယ်၊ကိုရယ်၊အမှတ်ရစရာတွေအရမ်းများတဲ့နိုဝင်ဘာ၊၁၁၊၁၁၊၁၁မှာလက်မှတ်ထိုးတယ်၊နိုဝင်ဘာမှာPreWeddingတွေရိုက်တယ်။၂၀၁၆နိုဝင်ဘာမှာ Mediacorp နဲ့ Collaboration လုပ်ပီးပွဲတွေလုပ်တယ်၊ဒီနေ့၂၉ နိုဝင်ဘာ၂၀၁၆မှာအိမ်စဆောက်ဖို့ပန္နက်တင်မြေသန့်မင်္ဂလာလုပ်တယ်၊ဒီနိုဝင်ဘာမှာပဲကိုကထားခဲ့တယ်၊Anniversaryမှီအောင်များဒီရောဂါဆိုးကို၄လလောက်တောင့်ခံနေခဲ့တာလား။

ဒေါသစိတ်နည်းပီးသီးခံစိတ်ရှည်တတ်တဲ့ကို့အကျင့်ကြောင့်တခါမှကြီးကြီးမားမားရန်မဖြစ်ခဲ့ဘူးသလို၊ချစ်ကစိတ်ဆိုးလို့စကားမာမာပြောမိရင်တောင်စိတ်မဆိုးဘဲညရောက်တာနဲ့လက်မောင်းပေါ်ခေါင်းကို အတင်းဆွဲတင်ပီးကျောကိုပုတ်သိပ်ခဲ့တာ။အရာရာဟာပြန်စဉ်းစားကြည့်ရင်ကျေနပ်စရာ၊လွမ်းစရာတွေကြီးပဲ၊လူ့ဘဝကိုခနလာလည်တဲ့ကိုနဲ့ဆုံခွင့်ရခဲ့တာအချ်ိန်အတိုင်းအတာအရနည်းတယ်ဆိုပေမယ့်တစ်ယောက်ကိုတစ်ယောက်အကောင်းဆုံးဖြည့်စည်းပေးဆပ်ခွင့်ရခဲ့တာအကောင်းဆုံးဆုလာဘ်ပဲ။

တစ်ယောက်ကိုတစ်ယောက်ဒဏ်ရာတွေမပေးခဲ့ကြတာ၊တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ဖြည့်စည်းပီးအပစ်အနာအဆာတွေကိုခွင့်လွှတ်ခဲ့ကြတာ၊ရခဲ့ဘူးတဲ့ချိုမြိန်တဲ့အတိတ်ကိုရင်ထဲမှာမြှုပ်နှံပီးရခဲ့သလောက်ကိုကျေနပ်ရောင့်ရဲတဲ့စိတ်ကိုမွေးမြူပီးအတတ်နိုင်ဆုံးဘဝကိုရှေ့ဆက်သွားမယ်နော်။သတိရသေးရင်အိမ်မက်ထဲမှာဆုံကြတာပေါ့ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Crd