ကိုယ့်သမိုင်းကိုရေးနေတာမို့လူတစ်ယောက်ကိုအမြင်နဲ့မဆုံးဖြတ်ဖို့သတိပေးလာတဲ့ဒါရိုတ်တာကိုပေါက်
ပရိသတ်ကြီးရေသရုပ်ဆောင်ဒါရိုတ်တာကိုပေါက်ကတော့ အနုပညာနယ်ပယ်မှာလည်းအောင်မြင်မှုများစွာရရှိခဲ့တဲ့သူတစ်ယောက်ပါ။အာဏာသိမ်းပြီးနောက်ပိုင်း ဒါရိုတ်တာကိုပေါက်က မတရားမှုကိုလက်မခံဘဲ ပြည်သူနဲ့အတူ လမ်းမပေါ်ထိထွက်ကာဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာစစ်ကောင်စီရဲ့ရက်စက်မှုတွေကို လက်မခံနိုင်ဘဲကိုပေါက်ကလွတ်မြောက်နယ်မြေကိုသွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။တောထဲမှာလည်းကိုပေါက်ကတော်လှန်ရေးမှာကျရာတာဝန်တွေထမ်းဆောင်ပြီးရဲဘော်တွေအတွက်ချက်ပြုတ်ပေးရင်း pdf စားဖိုးမှုးကြီးကိုဖြစ်လို့နေပါတယ်။
ဒီနေ့မှာတော့သူ့အကြောင်းမသိဘဲဝေဖန်နေတဲ့သူတွေကိုကိုပေါက်ကအခုလိုထိထိမိမိပြန်ပြောလိုက်ပါတယ်။ကိုပေါက်ကခင်ဗျားအမြင်မှာတော့သာသာယာယာစာရေးနေတယ်ဘဲမြင်လိမ့်မယ်။ကျွန်တော်တခြားဘာတွေလုပ်နေလဲခင်ဗျားမသိဘူး။ကိုယ့်သမိုင်းကိုကောင်းအောင်ရေးဖို့ဘဲအာရုံထားပါမိတ်ဆွေ၊ချစ်ခြင်းများစွာဖြင့်လည်းပြောလာတာဖြစ်ပါတယ်။
Zawgyi Version
Credit