Uncategorized

ဒီနေ့မှာ ရုံးထုတ်စဥ် မေ့လဲသွားလို့ အရေးပေါ်ဆေးရုံတင်ထားရတဲ့ သရုပ်ဆောင် ရဲတိုက်

ဒီနေ့မှာရုံးထုတ်စဥ်မေ့လဲသွားလို့အရေးပေါ်ဆေးရုံတင်ထားရတဲ့ သရုပ်ဆောင်ရဲတိုက်

ပရိသတ်ကြီးရေသရုပ်ဆောင်ရဲတိုက်ကတော့အာဏာသိမ်းပြီးနောက်ပိုင်းပြည်သူနဲ့အတူအမှန်တရားဘက်ကရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာ သရုပ်ဆောင်ရဲတိုက်ကိုမတရားဖမ်းဆီးထားပြီးအင်းစိန်ထောင်ကိုပို့ခံထားရတာလည်းဖြစ်ပါတယ်။

အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာဒီနေ့မနက်ပိုင်းကရုံးထုတ်စဉ် မေ့မြောသွားတဲ့သရုပ်ဆောင်ရဲတိုက်ကိုစစ်ကောင်စီရဲ့ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ဆရာဝန်ကြီးဒေါက်တာမော်မော်ဦးကအရေးပေါ်ကုသပေးခဲ့ပါတယ်။

သရုပ်ဆောင်ရဲတိုက်၏အမှုလိုက်ရှေ့နေဖြစ်သူဦးခင်မောင်မြင့်ကသရုပ်ဆောင်ရဲတိုက်ကရုံးထွက်ရင်းရုံးမှာတင်မေ့လဲသွားတယ်။ ကျန်းမာရေးမကောင်းလို့သတိမရလို့ ဒီနေ့ ၁၂ နာရီလောက်မှာ အင်းစိန်ဆေးရုံကိုပို့လိုက်ရတယ်။အခုတော့သတိပြန်ရလာပြီလို့ပြောတယ်။

Zawgyi version




Credit