ရုပ်ရှင်အစည်းအရုံး၏နာယကလည်းဖြစ်သလိုစွယ်စုံရအနုပညာရှင်လည်းဖြစ်တဲ့ဘဘ ဗိုလ်ကလေးတင့်အောင်ကွယ်လွန်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏နာယကကြီးတစ်ဦးဖြစ်သူဘဘ ဗိုလ်ကလေးတင့်အောင် သည် မနေ့ကည ၁၁ နာရီအချိန်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားပြီဖြစ်ပါကြောင်းလောကသားများအား ညှိုးငယ်သောစိတ်ထားဖြင့်အသိပေးအကြောင်းကြားအပ်ပါသည်။
ဘဘ ဗိုလ်ကလေးတင့်အောင်သည်ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦးဖြစ်ခဲ့ပြီး မြန်မာ့ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦးဖြစ်ပြီးအမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦးလည်းဖြစ်သည်။နိုင်ငံ့တာဝန်ကိုထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက်နိုင်ငံတော်ကပေးအပ်သော စည်သူဘွဲ့ကိုချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်သည်။
ဘဘဗိုလ်ကလေးတင့်အောင် ရေးသားခဲ့သည့် ကျော်ကြားခဲ့သော တေးသီချင်းအချို့ကို ယနေ့တိုင် အဆိုရှင်အမျိုးမျိုးတို့က သီဆိုနေကြဆဲ ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ကြည်ကြည်ဌေးသီဆို၍ ဓာတ်ပြားရခဲ့သော သက်ဆိုင်သူသို့ သီချင်းကို တိမ်ဦးလေပြေမောင့်ကိုစေ ရုပ်ရှင်ဇာတ်ကားတွင် ခင်ယုမေက ပြန်လည်သီဆိုခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြဇာတ်သီချင်းဖြစ်သော နှစ်သစ်ချစ်ဦး၊ ၁၉၅၈ ခုနှစ်တွင် မေမြတ်နွယ် ဇာတ်ကား၌ ထားသီဆိုခဲ့သော သံယောဇဉ်၊ မွန်တို့ဌာနေ၊ မှုန်ရွှေရည်ဇာတ်ကား၌ ဝင်းဦးသီဆိုခဲ့သော မျက်ဝန်းလဲ့ပြာပြာ၊ ၁၉၆၈ ခုနှစ်တွင် မင်းနောင်သီဆိုသည့် ဇရာ၊ ဂျင်မလေးဂျမ်း၊ ၁၉၇၀ ပြည့်နှစ်တွင် စန္ဒရားချစ်ဆွေ သီဆိုခဲ့သည့် မွှေးလွန်းသည့်ပန်း စသည့် သီချင်းများမှာ ယနေ့တိုင် ခေတ်စားဆဲ ဖြစ်သည်။
Zawgyi version
႐ုပ္ရွင္အစည္းအ႐ုံး၏ နာယကလည္းျဖစ္သလို စြယ္စုံရအႏုပညာရွင္လည္းျဖစ္တဲ့ ဘဘ ဗိုလ္ကေလးတင့္ေအာင္ ကြယ္လြန္
ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ၏နာယကႀကီးတစ္ဦးျဖစ္သူ ဘဘ ဗိုလ္ကေလးတင့္ေအာင္ သည္ မေန႕က ည ၁၁ နာရီအခ်ိန္တြင္ ဘဝတစ္ပါးသို႔ကူးေျပာင္းသြားၿပီျဖစ္ပါေၾကာင္း ေလာကသားမ်ားအား ညွိုးငယ္ေသာစိတ္ထားျဖင့္ အသိေပး အေၾကာင္းၾကားအပ္ပါသည္။
ဘဘ ဗိုလ္ကေလးတင့္ေအာင္ သည္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္တြင္ ပါဝင္ခဲ့သူ တပ္မေတာ္သားတစ္ဦး ျဖစ္ခဲ့ၿပီး ျမန္မာ့ ႐ုပ္ရွင္တစ္သက္တာ ထူးခြၽန္ဆုရ ႐ုပ္ရွင္ဒါရိုက္တာ၊ ဂီတစာဆို၊ ဇာတ္ၫႊန္းေရးဆရာတစ္ဦး ျဖစ္ၿပီး အမ်ိဳးသား စာေပဆုရ စာေရးဆရာတစ္ဦး လည္း ျဖစ္သည္။ နိုင္ငံ့တာဝန္ကို ထူးခြၽန္ေျပာင္ေျမာက္စြာ ထမ္းေဆာင္ခဲ့မႈမ်ားအတြက္ နိုင္ငံေတာ္က ေပးအပ္ေသာ စည္သူဘြဲ႕ကို ခ်ီးျမႇင့္ျခင္း ခံခဲ့ရသူ ျဖစ္သည္။
ဘဘဗိုလ္ကေလးတင့္ေအာင္ ေရးသားခဲ့သည့္ ေက်ာ္ၾကားခဲ့ေသာ ေတးသီခ်င္းအခ်ိဳ႕ကို ယေန႕တိုင္ အဆိုရွင္အမ်ိဳးမ်ိဳးတို႔က သီဆိုေနၾကဆဲ ျဖစ္သည္။ ၁၉၅၃ ခုႏွစ္တြင္ ၾကည္ၾကည္ေဌးသီဆို၍ ဓာတ္ျပားရခဲ့ေသာ သက္ဆိုင္သူသို႔ သီခ်င္းကို တိမ္ဦးေလေျပေမာင့္ကိုေစ ႐ုပ္ရွင္ဇာတ္ကားတြင္ ခင္ယုေမက ျပန္လည္သီဆိုခဲ့သည္။ ၁၉၅၁ ခုႏွစ္တြင္ ျပဇာတ္သီခ်င္းျဖစ္ေသာ ႏွစ္သစ္ခ်စ္ဦး၊ ၁၉၅၈ ခုႏွစ္တြင္ ေမျမတ္ႏြယ္ ဇာတ္ကား၌ ထားသီဆိုခဲ့ေသာ သံေယာဇဥ္၊ မြန္တို႔ဌာေန၊ မႈန္ေ႐ႊရည္ဇာတ္ကား၌ ဝင္းဦးသီဆိုခဲ့ေသာ မ်က္ဝန္းလဲ့ျပာျပာ၊ ၁၉၆၈ ခုႏွစ္တြင္ မင္းေနာင္သီဆိုသည့္ ဇရာ၊ ဂ်င္မေလးဂ်မ္း၊ ၁၉၇၀ ျပည့္ႏွစ္တြင္ စႏၵရားခ်စ္ေဆြ သီဆိုခဲ့သည့္ ေမႊးလြန္းသည့္ပန္း စသည့္ သီခ်င္းမ်ားမွာ ယေန႕တိုင္ ေခတ္စားဆဲ ျဖစ္သည္။
Credit