အမှန်တရားဘက်ကပြည်သူနဲ့အတူ ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့ပြီး အသက်(၃၁)ပြည့်သွားပြီဖြစ်တဲ့သရုပ်ဆောင်ထားထက်ထက်
ပရိသတ်ကြီးရေသရုပ်ဆောင်ထားထက်ထက်ကတော့ အာဏာသိမ်းမှုကိုလက်မခံဘဲပြည်သူနဲ့အတူလမ်းမပေါ်ထွက်ကာဆန္ဒထုတ်ဖော်ခဲ့တာဘဲဖြစ်ပါတယ်။
ဒါကြောင့်မလို့ပုဒ်မ၅၀၅ကနဲ့ဖမ်းဝရမ်းထုတ်ခဲ့ပြီး သရုပ်ဆောင်ထားထက်ထက်ကတော့စစ်ကောင်စီဆီမှာအဖမ်းမခံဘဲလွတ်မြောက်နယ်မြေကိုသွားရောက်ပြီးလက်နက်ကိုင်တော်လှန်ဖို့ဆုံးဖြတ်ခဲ့တာဘဲဖြစ်ပါတယ်။သရုပ်ဆောင်ထားထက်ထက်က လွတ်မြောက်နယ်မှာရောက်ရှိနေစဥ်အတွင်းဖခင်ဖြစ်သူကိုလည်းဆုံးရှုံးခဲ့ရပြီးနောက်ဆုံးခရီးတောင်လိုက်ပို့ခွငိ့မရလိုက်ပါဘူး။
သရုပ်ဆောင်ထားထက်ထက်ကတော့တော်လှန်ရေးကြီးမှာကျရာတာဝန်တွေထမ်းဆောင်ရင်းအခုဆိုရင်အသက်(၃၁)ပြည့်သွားခဲ့ပြီဘဲဖြစ်ပါတယ်။အသက်(၃၁)နှစ်ပြည့်မွေးနေ့လေးမှာဘေးအန္တာရယ်ကင်းရှင်းပြီးပြည်သူတွေနဲ့အတူလိုအပ်တဲ့စစ်မှန်တဲ့ဒီမိုကရေစီကိုအမြန်ဆုံးရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Zawgyi version
Credit