Cele News

ခိုးယူသွားတဲ့ တရားခံလင်မယားကို ပြန်မိပေမယ့် တန်ဖိုးကြီးပစ္စည်းတွေပြန်မရသေးကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်

ခိုးယူသွားတဲ့ တရားခံလင်မယားကို ပြန်မိပေမယ့် တန်ဖိုးကြီးပစ္စည်းတွေပြန်မရသေးကြောင်းပြောပြလာတဲ့သရုပ်ဆောင်ဖူးပွင့်သခင်

ပရိသတ်ကြီးရေသရုပ်ဆောင်ဖူးပွင့်သခင်ကတော့သူမခရီးသွားနေတုန်း အိမ်ဖော်လင်မယားကိုယုံစားပြီးအိမ်ကအပ်နှံခဲ့ရာမှတန်ဖိုးကြီးပစ္စည်းတွေနဲ့ TV ကအစခိုးယူသွားလို့အကူအညီတောင်းခံခဲ့ရာ ဒီနေ့မှာတော့ခိုးယူသွားတဲ့တရားခံလင်မယားကိုထန်းတပင်မြို့မှာဖမ်းဆီးရမီကြောင်းအခုလိုပြောပြလာတာဖြစ်ပါတယ်။

သရုပ်ဆောင်ဖူးပွင့်သခင်ကအားလုံးရဲ့ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးမှုကြောင့်ပစ္စည်းများခိုးယူသယ်ဆောင်သွားသောသူခိုးလင်မယားနှစ်ယောက်အား 22/12/21 ရက်နေ့ထန်းတပင်မြို့တွင် ဖမ်းစီးရမိခဲ့ပါတယ်။အစအဆုံးလိုက်ပါဆောင်ရွက်ကူညီစောင့်ရှောက်ပေးကြသူများအားလုံးနှင့်သူခိုးလင်မယားအားတွေ့ရှိကြောင်းလာရောက်သတင်းပေးကြသူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်

Facebookကနေသတင်းမေးကြသောမိတ်ဆွေသူငယ်ချင်းများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။စိတ်ဆင်းရဲပီးစိုးရိမ်ပူပင် သောက ရောက်နေတဲ့အချိန်တစ်ယောက်ချင်းစီစာမပြန်နိုင်မိတဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်ရှင်။ကျေးဇူးတင်ထိုက်သူများအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။ပစ္စည်းများကတော့အကုန်လုံးပြန်လည်မရရှိသေးပါဘူး စုံစမ်းစစ်ဆေးမေးမြန်းနေဆဲပါဆိုပြီးပြောပြထားတာဖြစ်ပါတယ်။

Zawgyi Version




Credit