Cele News

သွေးကွဲရင်တော့ ခွေးဆွဲလိမ့်မှာမလို့ အချင်းချင်းစည်းလုံးကြဖို့ ရဲဘော်တွေကိုတိုက်တွန်းလာတဲ့ သရုပ်ဆောင်မင်းမော်ကွန်း

သွေးကွဲရင်တော့ခွေးဆွဲလိမ့်မှာမလို့ အချင်းချင်းစည်းလုံးကြဖို့ ရဲဘော်တွေကိုတိုက်တွန်းလာတဲ့သရုပ်ဆောင်မင်းမော်ကွန်း

ပရိသတ်ကြီးရေသရုပ်ဆောင်မင်းမော်ကွန်းကတော့ပြည်သူနဲ့အတူအမှန်တရားဘက်ကရပ်တည်ခဲ့ပြီးလွတ်မြောက်နယ်မြေမှာလက်နက်ကိုင်ပြီးစစ်အာဏာရှင်ကိုတော်လှန်နေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာစစ်ကောင်စီက ကရင်ပြည်နယ်လေးကေ့ကော်မြို့မှာ လေယာဥ်တွေနဲ့အပြင်းအထန်တိုက်ခိုက်နေတာမလို့ ပြည်သူတချို့နဲ့ pdf ရဲဘော်ချို့ကျဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ PDF ရဲဘော်တွေက NUG အစိုးရကိုလက်နက်အမြန်ဆုံးတပ်ဆပ်ပေးဖို့တာဆူနေပြီး ဝေဖန်သံတွေလည်းပြင်းထန်စွာထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒါကြောင့်မလို့မင်းမော်ကွန်းကအချင်းချင်းသွေးမကွဲဘဲစည်းလုံးကြဖို့အခုလိုပြောပြလာတာဖြစ်ပါတယ်။မင်းမော်ကွန်းကသွေးကွဲရင်တော့ခွေးဆွဲလိမ့်မယ်သူတို့ရဲ့လက်နက်အကြီးဆုံးဟာလေယာဉ်တွေမဟုတ်ဘူး။သွေးကွဲအောင်လုပ်တာဖြစ်ပါတယ်သတိကြီးကြီးထားကြပါချစ်စွာသောရဲဘော်ရဲဘက်အပေါင်းတို့ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။

Zawgyi Version




Credit