Cele News

ထောင်ထဲက အနုပညာရှင်တွေအကြောင်း ဘာမှမရေးကြပါနဲ့လို့ ၀မ်းနည်းစွာတောင်းဆိုလာတဲ့ သရုပ်ဆောင်ပိုင်တံခွန်ရဲ့အမဖြစ်သူ မေချစ်သွေး

ထောင်ထဲက အနုပညာရှင်တွေအကြောင်း ဘာမှမရေးကြပါနဲ့လို့ ၀မ်းနည်းစွာတောင်းဆိုလာတဲ့ သရုပ်ဆောင်ပိုင်တံခွန်ရဲ့အမဖြစ်သူ မေချစ်သွေး

သရုပ်ဆောင်ပိုင်တံခွန်ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်လှုပ်ရှားခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်လှုပ်ရှားခဲ့တာကြောင့်ပုဒ်မ၅၀၅က၊ဖြင့်အမှုဖွင့်ထားခြင်းခံရပြီးမတရားအဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်နော်။

အခုတစ်ခါမှာဆိုရင်အစ်မဖြစ်သူမေချစ်သွေးကထောင်ထဲကအနုပညာရှင်တွေအကြောင်းဘာမှမရေးကြပါနဲ့လို့အခုလို၀မ်းနည်းစွာတောင်းဆိုလာခဲ့ပါတယ်နော်။

အစ်မဖြစ်သူမေချစ်သွေးကအထဲကလူတွေနဲ့ပတ်သက်ပြီးလိုင်းပေါ်မှာလျှောက်ရေးနေကြတာတွေကျေးဇူးပြု၍ရပ်ပေးကြပါဗျာ၊သိနေရင်တောင် ဘာမှမရေးကြပါနဲ့ဒီလိုတွေရေးနေ၊လုပ်နေကြသရွေ့အထဲကလူတွေနစ်နာရပါတယ်၊မိသားစုကမျှော်တလင့်လင့်နဲ့စောင့်နေရတာမို့တောင်းဆိုပါတယ်ဗျာ၊အထူးသဖြင့်မီဒီယာများကိုပါဗျာဆိုပြီးသူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi version




Credit