Cele News

သားဖြစ်သူကို သတိရတဲ့အကြောင်း ၀မ်းနည်းစွာ ရင်ဖွင့်ပြောပြလာတဲ့ အဆိုတော် ရေမွန်ရဲ့မိခင်

သားဖြစ်သူကို သတိရတဲ့အကြောင်း ၀မ်းနည်းစွာ ရင်ဖွင့်ပြောပြလာတဲ့ အဆိုတော် ရေမွန်ရဲ့မိခင်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့အဆိုတော်ရေမွန်ရဲ့မိခင်ဖြစ်သူဒေါ်ခင်မြတ်မွန်ကသားဖြစ်သူအဆိုတော်ရေမွန်ကိုသတိရတဲ့အကြောင်းအခုလို၀မ်းနည်းစွာရင်ဖွင့်ပြောပြလာခဲ့ပါတယ်နော်။

မိခင်ဖြစ်သူဒေါ်ခင်မြတ်မွန်ကလွန်ခဲ့တဲ့3၊4ရက်ထဲကဟိုတွေးဒီတွေးတွေးရင်းတွတ်ပီကိုအရမ်းသတိယနေခဲ့တာ၊ဒီရက်ထဲအလုပ်တွေလုပ်၊ပင်ပန်းပြီး၊Fbလဲမကိုင်နိုင်ဘူး၊Hmdကိုလဲသတိမရ၊မေ့လျော့နေခဲ့တယ်၊

မနေ့ညကကြည့်တော့မှသူများတွေသူတို့အမေတွေကိုဂါရဝပြုနှုတ်ဆက်တာတွေတင်ထားလို့Hmdရောက်ပြီ၊သိလိုက်ရတာ။သိတော့ရောကိုယ့်အတွက်ဘာမှမထူးတော့ပါဘူး၊အချစ်ဆုံးကြီးမှမရှိတော့တာ၊

HappyMothersDayဆိုတာအဆင်ပြေပျော်ရွှင်နေတဲ့အမေတွေနဲ့ဘဲလိုက်ဖက်သင့်တော်တာပါ၊ရင်ကွဲနာကျနေတဲ့အမေနဲ့မသက်ဆိုင်တော့ပါဘူး၊23၊6၊21နေ့ထဲကပျော်ရွှင်မှုတွေအပြီးသတ်ပျောက်ဆုံးခဲ့ပြီမို့Hmdကိုမေ့ထားကာမှ၊တုံတုံက Pizzaတစ်ဘူးမှာပေးတယ်။

တွတ်ပီလေးသာရှိသေးရင်ဒီအချိန်သူ့အလုပ်တွေရှုပ်နေတဲ့ကြားကပေါက်ချလာပြီးအ်ိမ်တံခါးလာခေါက်မယ်၊တံခါးဖွင့်လိုက်တာနဲ့HappyMothersDayမေကြီးဆိုပြီးပါးပြင်ကိုရွှတ်ခနဲနမ်း၊

မအေကြိုက်တတ်တဲ့Pizzaတို့77CheeseCakeတို့လာပို့ဦးမှာအသေအချာ။အမေကိုအရမ်းချစ်တဲ့သား၊အမေကလဲအရမ်းချစ်ခဲ့ရတာမို့အရမ်းလွမ်းတယ်တွတ်ပီ၊ရောက်ရှိရာဘုံဌာနမှာအဆင်ပြေအေးချမ်း‌ပျော်ရွှင်ပါစေဆိုပြီးရေးသားဖော်ပြထားပါတယ်၊

Credit