Cele News

နောက်အိမ်ထောင်ပြုမဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ အဆိုတော် ရွှေရည်သိန်းတန်

နောက်အိမ်ထောင်ပြုမဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ အဆိုတော် ရွှေရည်သိန်းတန်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်ရွှေရည်သိန်းတန်ကနောက်အိမ်ထောင်ပြုမဲ့အကြောင်းနဲ့ပတ်သက်ပြီးအခုလိုပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါတယ်နော်။ရွှေရည်သိန်းတန်က Messenger ကနေတနေ့တနေ့hiနေရတာပင်ပန်းမှာစိုးလို့ပါ၊ရိုးသားသောသူများ မပါ၊ကျွန်မအသက်၄၁နှစ်ရှိပါပြီ၊ကျွန်မဘဝလမ်းကြမ်းတမ်းခဲ့ပါသည်၊လူတွေအကြောင်းလည်းသာမန်အတော်အတန်ထက်ပိုသိပါသည်၊ယောက်ျားတယောက်ကhiလိုက်တိုင်း၊မ၊လို့ခေါ်လိုက်တိုင်း၊ချစ်တယ်လာပြောတိုင်း၊သာယာဖို့ကျွန်မဘဝကျွန်မ အတွေ့အကြုံကျွန်မအသိဥာဏ်ကခွင့်မပြုပါဘူး။

နေရာတကာတော့စကားအကုန်မပြောဘူး၊ပြောလို့ရသမျှပြောရမယ်ဆိုရင်တော့၊ကျွန်မအသက်အရွယ်၊ဘဝအနေအထားနှင့်၊လူသစ်တယောက်ကိုဘယ်တော့မှခေါင်းထဲမထည့်ပါဘူး၊လူသစ်တယောက်ကိုအချိန်ပေးပြီးယုံကြည်မှုကိုမတည်ဆောက်နိုင်ပါဘူး၊လူသစ်တယောက်ရဲ့အလုပ်သဘောတွေကိုမသိချင်ယောင်ဆောင်ပြီးဘဝကိုထိုးမအပ်နိုင်ပါဘူး။

ဘဝမှာဆွေမျိုးညီအကိုမောင်နှမမိဘမရှိတဲ့မိန်းမတယောက်ထဲလျှောက်လို့မဖြစ်တော့ပါဘူး၊ဆိုရင်တောင်ကျွန်မလူသစ်တယောက်ကိုဦးနှောက်မပါပဲ၊ဘာအကြောင်းပြချက်နှင့်မှမရွေးချယ်ပါဘူး၊ဒီလောက်သိထားရင်PhoneBillအကုန်ခံဖို့သင့်မသင့် သိဖို့ကောင်းလောက်ပါပြီ။

ကျွန်မဂျင်းကောင်မဟုတ်ဖူးခေါင်းကြီးတို့၊ဪ၊လူသစ်မရွေးဖူးဆိုလို့တမျိုးလည်းချတွေးမနေနက်၊တွင်းဟောင်းနက်နက်ထဲလည်းသေတဲ့အထိပြန်ခုန်မဆင်းဘူးနော်သိဘို့၊ရိုးသားသောသူများမပါဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi version





Credit