Cele News

ပရိတ်သတ်တွေမသိသေးတဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင် ရဲ့ ဘ၀အကြောင်း

ပရိတ်သတ်တွေမသိသေးတဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင် ရဲ့ ဘ၀အကြောင်း

သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေမှာအင်တိုက်အားတိုက်ပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅က၊ဖြင့်အမှုဖွင့်ထားပြီးမတရားအဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်နော်။

အခုတစ်ခါမှာဆိုရင်ပရိတ်သတ်တွေမသိသေးတဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့ဘ၀အကြောင်းအနည်းငယ်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။အားလုံးကချစ်စနိုးနဲ့အူဝဲလို့ခေါ်ကြတဲ့သူမကိုတော့ ၁၉၇၇ခုနှစ်၊ဧပြီလ၂၄ရက်နေ့မှာမွေးဖွားခဲ့ပါတယ်၊မိဘတွေကတော့ဦးကျော်ဇင်နဲ့ဒေါ်မြသီတာတို့ပဲဖြစ်ပါတယ်၊မွေးချင်းသုံးဦးရှိပြီးသူမကတော့အငယ်ဆုံးဖြစ်ပါတယ်၊သူမရဲ့ဇာတိကတော့ရန်ကုန်မြို့ဖြစ်ပါတယ်။

သူမရဲ့မိဘမျိုးရိုးကိုကြည့်မယ်ဆိုရင်တော့သူမဟာ ယနေ့အထိထင်ရှားကျော်ကြားဆဲဖြစ်တဲ့စာရေးဆရာကြီးဒဂုန်တာရာရဲ့တူမဖြစ်ပါတယ်၊ရဲဘော်သုံးကျိပ်အဖွဲ့ဝင်ဗိုလ်ဇေယျရဲ့မြေးတော်စပ်သူလည်းဖြစ်ပါတယ်၊ဒါ့အပြင်မင်းသားကြီးကောလိပ်ဂျင်နေဝင်းဟာသူမရဲ့ဦးလေးဖြစ်ပြီးရာဇာနေဝင်း၊ပိုင်ဇေရဲထွန်းတို့နဲ့မောင်နှမဝမ်းကွဲတော်စပ်ပါတယ်။

Zawgyi version




Credit